• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် တရုတ်-အာဖရိကဆင်းရဲမှုပပျောက်ရေးလုပ်ငန်းဖွံ့ဖြိုးရန် နယ်ပယ် ၄ ခုတွင် ပူးပေါင်းဆောင်ရွက်မှုတွန်းအားပေးမည်

(GMT+08:00) 2018-08-15 14:39:35

တရုတ်နိုင်ငံတော်ကောင်စီဆင်းရဲမှုပပျောက်ရေးရုံးဥက္ကဋ္ဌ လျှူယုန်ဖူသည် တရုတ်နှင့် အာဖရိကနိုင်ငံများသည် တူညီသောကြိုးပမ်းမှုဖြစ်စဉ်ရှိပြီး ဆင်းရဲမှုပပျောက်ရေး လက်တွေ့ဆောင်ရွက်ရာတွင် ကောင်းမွန်သောအတွေ့အကြုံနှင့်နည်းလမ်းကောင်း များစွာ ရရှိခဲ့ကြောင်း၊ တရုတ်-အာဖရိကတို့သည် နယ်ပယ် ၄ ခုတွင် ပူးပေါင်းဆောင်ရွက်မှု အားဖြည့်မည်ဖြစ်ကြောင်း ယခုလ ၁၄ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

ယင်းနယ်ပယ် ၄ ခုမှာ ဆင်းရဲမှုပပျောက်ရေးကူးလူးဖလှယ်မှုတွန်းအားပေးခြင်း၊ ဆင်းရဲမှု ပပျောက်ရေးသုတေသနလုပ်ငန်းဆောင်ရွက်ခြင်း၊ လူငယ်များပျိုးထောင်မှု တွန်းအား ပေးခြင်း၊ ဆင်းရဲမှုပပျောက်ရေးစံပြလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း သိရပါသည်။

   Webradio