• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်က ၂၀၁၉ ဘဏ္ဍာရေးနှစ် နိုင်ငံတော် ကာကွယ်မှု အာဏာအပ်နှင်းရေး ဥပဒေကြမ်း ချုပ်ဆိုခြင်းအပေါ် ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00) 2018-08-15 10:23:26
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ အမေရိကန်သည် တရုတ်နိုင်ငံ၏ ပြတ်ပြတ်သားသား ကန့်ကွက်မှုကို လျစ်လျူရှုပြီး ၂၀၁၉ ဘဏ္ဍာရေးနှစ် နိုင်ငံတော် ကာကွယ်မှု အာဏာအပ်နှင်းရေး ဥပဒေကြမ်းကို ဇွတ်အတင်း အတည်ပြု ချုပ်ဆိုခဲ့ခြင်း အပေါ် ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း၊ အမေရိကန် အနေနှင့် စစ်အေး အတွေးအခေါ်နှင့် အောင်ဘက်မရှိ တိုက်ပွဲ အတွေးအခေါ်ကို စွန့်ပစ်ပြီး တရုတ်နိုင်ငံနှင့် ပတ်သက်သော အနုတ်လက္ခဏာပါသော ပုဒ်မများကို မဖေါ်ဆောင်ရန် တိုက်တွန်း နှိုးဆော် ပါကြောင်း ယခုလ ၁၄ ရက်နေ့က သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။
   Webradio