• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် လုပ်ငန်းကုမ္ပဏီများ ပဲ သွင်းကုန် လမ်းကြောင်း တိုးချဲ့နေ

(GMT+08:00) 2018-08-15 10:20:12

တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး အငြင်းပွါးမှု စတင် ခဲ့သည့် နောက်ပိုင်း၊ တရုတ် စားနပ်ရိက္ခာ အုပ်စု အပါအဝင် စားနပ်ရိက္ခ လုပ်ငန်းကုမ္ပဏီများသည် ပဲ သွင်းကုန် လမ်းကြောင်းကို တိုးချဲ့ပြီး အမေရိကန်မှ ပဲ တင်သွင်းမှု ပမာဏ လျော့နည်းလာခြင်းကြောင့် ဖြစ်စေသည့် ဈေးကွက် အန္တရာယ်များကို ထိရောက်စွာ လျှော့ချလာနေကြောင်း သတင်း ရရှိပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲ သွင်းကုန် အများဆုံးသော နိုင်ငံ ဖြစ်ပြီး နှစ်စဉ် ပဲ သွင်းကုန် ပမာဏမှာ တစ်ကမ္ဘာလုံး စုစုပေါင်း ပမာဏ၏ ၆၀ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ တရုတ်ပြည်သို့ တင်ပို့ရောင်းချသော ပဲ ပမာဏမှာ အမေရိကန် ပဲ ပို့ကုန် စုစုပေါင်း ပမာဏ၏ ၆၀ ရာခိုင်နှုန်း ရှိပြီး အမေရိကန်က ဥရောပသမဂ္ဂသို့ တင်ပို့သည့် ပဲ ပမာဏ၏ ၆ ဆ ကျော် ဖြစ်ကြောင်း၊ ယခုနှစ်တွင် အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲကို လှုံ့ဆော် ပြုလုပ် ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် တုံ့ပြန်ဆောင်ရွက်သည့် အနေနှင့် အမေရိကန်မှ တင်သွင်းသော ပဲ အပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောင်းလိုက်ကြောင်း၊ သို့ဖြစ်၍ အမေရိကန်၏ ပဲသွင်းကုန်သည် ဘရာဇီးမှ ပဲသွင်းကုန်ထက် ယွမ် ၃၀၀ ခန့် ဈေးကြီးသဖြင့် တရုတ်ပြည်ဈေးကွက်၌ အားသာချက် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ အကယ်၍ တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး အငြင်းပွါးမှု ဆက်လက် ဖြစ်ပွါးပါက၊ တောင်အမေရိကန်နှင့် Belt and Road တလျှောက် နိုင်ငံများမှ ပဲ သွင်းကုန် ပမာဏ တစ်ဆင့်တိုး တိုးချဲ့နိုင်မည် ဖြစ်ပြီး အမေရိကန်မှ ပဲ သွင်းကုန် ပမာဏလည်း ဆက်လက် လျော့နည်းသွားမှာ ဖြစ်ကြောင်း၊ ဘရာဇီး၊ အာဂျင်တီးနား၊ ဥရုဂွေး စသည့် တောင်အမေရိက နိုင်ငံများမှ ပဲများ တင်သွင်းမှု တစ်ဆင့်တိုး တိုးချဲ့နိုင်မည် ဖြစ်ပြီး၊ ရုရှား၊ ယူကရိန်း၊ ကာဇက်စတန် စသည့် Belt and Road တလျှောက် နိုင်ငံများ၏ ပဲ တင်ပို့ရောင်းချမှု စွမ်းအားလည်း ကောင်းမွန် ပါကြောင်း သုံးသပ်ထားပါသည်။

   Webradio