• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စင်ကာပူခရီးသွားဦးစီးဌာနသည် Alipay အသုံးပြုရန်တက်ကြွစွာတွန်းအားပေး

(GMT+08:00) 2018-08-14 14:45:57

သြဂုတ်လတွင် စင်ကာပူခရီးသွားဦးစီးဌာနနှင့် Alipay ကုမ္ပဏီတို့သည် လှုပ်ရှားမှုပူးတွဲကျင်းပခဲ့ပြီး တရုတ်ခရီးသည်များကို စင်ကာပူတွင်လက်ငင်းငွေမလိုဘဲ စရင်း ရှင်းသည့်ခရီးသွားမှုကိုခံစား ရန်ဖိတ်ခေါ်ခဲ့ကြောင်း၊ ယင်းလှုပ်ရှားမှုသည် စင်ကာပူ ဒေသခံနာမည်ကျော်ကုမ္ပဏီတစ်ခု ဖြစ်သောစင်ကာပူResorts World Sentosa

ဟိုတယ်၊ ရှန်ဂရီလာဟိုတယ်အုပ်စုနှင့်စင်ကာပူလေကြောင်းကုမ္ပဏီတို့၏ တက်ကြွစွာ တုံ့ပြန်မှုများကိုရရှိခဲ့ကြောင်း စီအာအိုင်သတင်း အရ သိရပါသည်။

၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံကိုကျော်လွန်ပြီး စင်ကာပူသို့ သွားရောက်သောခရီးသည်အများဆုံးသောနိုင်ငံဖြစ်လာပြီဖြစ်ကြောင်း၊ တစ်နှစ်လုံးတွင် စင်ကာပူသို့သွားရောက်သောတရုတ်ခရီးသည်ဦးရေမှာ စုစုပေါင်း ၃၂ သိန်းရှိပြီး စင်ကာပူ၏ခရီးသွားလုပ်ငန်းအတွက်ဝင်ငွေ တရုတ်ယွမ်ငွေ ၂.၀၆ ဘီလျံယံ ဆောင်ကျဉ်းပေးခဲ့ ကြောင်းသိရပါသည်။

   Webradio