• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် ကုန်သွယ်ရေးအငြင်းပွားမှု လှုံ့ဆော်ခြင်းသည် နောက်ဆုံးထိခိုက်ခံရသူမှာ ၄င်း၏စားသုံး သူဖြစ်သည်ဟုမြန်မာနိုင်ငံရေးဝေဖန်သုံးသပ်သူဆို

(GMT+08:00) 2018-08-14 09:52:27

         အမေရိကန်နိုင်ငံသည် ကုန်သွယ်ရေးမိတ်ဖက်မှ သံမဏိ၊ ဒန်ပစ္စည်းတင်သွင်းခြင်းအပေါ် အခွန်တိုးကောက်ရန် တဖက်သတ်ကြေညာခဲ့သောကြောင့် နိုင်ငံအချို့သည် တုန့်ပြန်ဆောင်ရွက်ချက်များ အဆက်မပြတ်ထုတ်ပြန်စေခဲ့သည်။ မြန်မာနိုင်ငံရေး သုံးသပ်ရေးပုဂ္ဂိုလ်ဦးရဲထွန်းသည် မကြာခင်က စီအာအိုင်သတင်းထောက် နှင့် တွေ့ဆုံမေးမြန်းရာတွင် အမေရိကန်အစိုးရသည် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒကို ကျင့်သုံးပြီး ကုန်သွယ်ရေးအငြင်းပွားမှုကို လှုံ့ဆော်ကာ နောက်ဆုံးထိခိုက်ခံရသူမှာ အမေရိကန်စားသုံးသူဖြစ်သည် ဟု ပြောကြားကြောင်း စီအာအိုင်သတင်းအရသိရသည်။

         ဦးရဲထွန်းက အမေရိကန်သည် ဥရောပသမဂ္ဂ၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ မက္ကဆီကို၊ ဘရာဇီး၊ ဂျပန်၊ ရုရှားနှင့် တူရကီမှ တင်သွင်းသော သံမဏိ၊ ဒန်ပစ္စည်းအပေါ် အခွန် တိုးကောက်ရန်  ကြေညာ   ကြောင်း၊ ယင်းနိုင်ငံများသည် တုံ့ပြန်သည့်အနေနှင့် အမေရိကန်မှ တင်သွင်းသော ကုန်ပစ္စည်းအပေါ် အခွန် တိုးကောက်ရန်လည်း ကြေညာကြောင်း၊ ယင်းကုန်သွယ်ရေး အငြင်းပွားမှုတွင် နောက်ဆုံးထိခိုက်ခံရသူမှာ ယင်း  နိုင်ငံများမှ ပြည်သူဖြစ်ကြောင်း၊ ဥပမာ အမေရိကန်နိုင်ငံသည် သံမဏိ၊ ဒန်ပစ္စည်း တင်သွင်းသော အခွန်ကို တိုးကောက်သည့်အတွက် ပြည်တွင်း မော်တော်ကား၊ သံမိဏိထည်၊ ဒန်ထည်နှင့် အခြားစက်မှုပစ္စည်း ၏ဈေးနှုန်း မြင့်တက်မှာ ဖြစ်ပြီး နောက်ဆုံးထိခိုက်ခံရသူမှာ အမေရိကန်စားသုံးသူဖြစ်ကြောင်း ပြောကြားသည်။

            တရုတ်-အမေရိကန်ကုန်သွယ်ရေးအငြင်းပွားမှုကို ပြောရလျှင် ဦးရဲထွန်းက ၄င်းအားလုံးကို အမေရိကန်အစိုးရက လှုံ့ဆော်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အမေရိကန်ပညာရှင်တစ်ချို့က တရုတ် ကုန်ပစ္စည်း အပေါ် အခွန် တိုးကောက်ခြင်းသည် နှစ်ဖက်ကုန်သွယ်ရေးလိုငွေပြမှု လျှော့ချရန်နှင့် အလုပ်နေရာ တိုးမြှင့်ရန်ဖြစ်သည်ဟူသော   ယူဆချက်သည် မမှန်ကန်ကြောင်း၊ ဘာ့ကြောင့်လည်းဆိုတော့ ဝန်ဆောင်မှုလုပ်ငန်းသည် အမေရိကန်ဂျီဒီပီ၏ ၈၀ရာခိုင်နှုန်းဖြစ်ပြီး ပြည်ပကုန်သွယ်ရေးတွင် ထုတ်လုပ်ရေးလုပ်ငန်းမဟုတ်ဘဲ အမေရိကန်၏ ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ နည်းပညာကူးသန်း ရောင်းဝယ်ရေးလုပ်ငန်း စသည်တို့သည် အချိုးအစား များစွာရှိ ကြောင်း၊ အမေရိကန်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေးသည် ပိုငွေပြမှုဖြစ်ကြောင်း၊ အကယ်၍ ကုန်သွယ်ရေးအငြင်းပွားမှု အဆင့်မြှင့်တင်လာလျှင် နှစ်ဖက်စလုံးအတွက် အကျိုးမရှိကြောင်း ယူဆ သည်။

       ဦးရဲထွန်းက စီးပွားရေးဂလိုဘယ်လိုင်ဇေးရှင်းနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသည် နိုင်ငံတော်ဖွံ့ဖြိုး ရေးအတွက် အကျိုးရှိကြောင်း၊ တရုတ်နိုင်ငံသည် ၁၉၇၈ခုနှစ်ကစပြီး တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးမူဝါ ဒကျင့်သုံးပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ပါဝင်ကာ စီးပွားရေးဂလိုဘယ်လိုင်ဇေးရှင်းနှင့် လွတ်လပ်စွာ ကုန် သွယ်ရေးဖြစ်စဉ်တွင် ပါဝင်၍ ကြီးမားသော ဖွံ့ဖြိုးရေးအောင်မြင်မှု ရရှိခဲ့ခြင်းသည် အကောင်းဆုံး ဥပမာ တစ်ခုဖြစ်ကြောင်း၊ ပိတ်ဆို့သော ဈေးကွက်သည် စီးပွားရေးလူမှုရေး ဖွံ့ဖြိုးတိုးတက်သော ခြေလှမ်းကို နှေးကွေးစေကြောင်း၊ ထို့ကြောင့် နိုင်ငံအသီးသီးမှ စီးပွားရေးပညာရှင်နှင့် နိုင်ငံရေးသမားများသည် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို အတူပြစ်တင်ရှုတ်ချသင့်ကြောင်း ပြောကြားသည်။

   Webradio