• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် အနေနှင့် တရုတ် ရင်းနှီးမြှုပ်နှံသူများ အပေါ် ပကတိကျပြီး တရားမျှတစွာ သဘောထားရန် တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ပန်ကြား

(GMT+08:00) 2018-08-14 09:47:32

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ အမေရိကန်၏ "နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အန္တရာယ်များ အကဲဖြတ်မှု ခေတ်မီရေး ဥပဒေကြမ်း"ကို "၂၀၁၉ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ကာကွယ်ရေး အာဏာအပ်နှင်းမှု ဥပဒေကြမ်း"၏ အစိတ်အပိုင်း အဖြစ်ဖြင့် အမေရိကန် သမ္မတ ထရန့်မှ လက်မှတ်ရေးထိုး ချုပ်ဆို ပြီးနောက် ဥပဒေ အဖြစ် ကျင့်သုံးနေပြီဟု တရုတ်ပြည်ဘက်က တွေ့ရှိပြီ ဖြစ်ကြောင်း၊ တရုတ်ပြည်ဘက်သည် ဥပဒေကြမ်းပါ အကြောင်းအရာများကို ဘက်စုံ အကဲဖြတ်မည် ဖြစ်ပြီး ယင်းဥပဒေကြမ်း ဖေါ်ဆောင်စဉ်တွင် တရုတ် လုပ်ငန်းကုမ္ပဏီများအပေါ် ဂယက်ရိုက်ခတ်မှုများကိုလည်း မျက်ခြေမပြတ် လိုက်လံ ကြည့်ရှုမည် ဖြစ်ကြောင်း ယခုလ ၁၄ ရက်နေ့က ပြောကြားခဲ့ပါသည်။

အမေရိကန် အနေနှင့် တရုတ် ရင်းနှီးမြှုပ်နှံသူများ အပေါ် ပကတိကျပြီး တရားမျှတစွာ သဘောထားရန်၊ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ စုံစမ်းမှုသည် နှစ်ဖက် လုပ်ငန်း ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အဟန့်အတား မဖြစ်စေရန်လည်း ပြောရေးဆိုခွင့်ရှိသူက ပန်ကြားခဲ့ပါသည်။

   Webradio