• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကျိုးရှန်း ဆိပ်ကမ်း ကမ္ဘာ့ရှေ့ပြေး အရည်အချင်းမီအောင် ဆောင်ရွက်နေ

(GMT+08:00) 2018-08-14 09:23:32

ယခုနှစ်သည် Belt and Road အဆိုပြုချက် တင်ပြသည့် ငါးနှစ်ပြည့်မြောက်နှစ် ဖြစ်သည်။ တရုတ်ပြည် နင်ပိုးမြို့သည် ပိုးလမ်းမကြီး စီးပွါးရေးဇုန်နှင့် ၂၁ ရာစု ပင်လယ် ပိုးလမ်းမကြီး ဆက်စပ်ရာနေရာ၌ တည်ရှိပြီး သွင်းကုန်ပို့ကုန် ပမာဏမှာ အဆက်မပြတ် တိုးမြင့်လာနေသည်။ ၂၀၁၇ ခုနှစ်က နင်ပိုးမြို့ ကျိုးရှန်း ဆိပ်ကမ်းတွင် ကုန်စည် တင်ချမှု စုစုပေါင်း ပမာဏမှာ တန် သန်းပေါင်း ၁၀၁၀ ကျော် ရှိပြီး ကမ္ဘာပေါ်တွင် ပထမဆုံးသော ကုန်စည် တင်ချမှု ပမာဏ တန် သန်း ၁၀၀၀ ထိုးဖေါက်သည့် စူပါ ဆိပ်ကမ်း ဖြစ်လာပါတယ်။ ယခု ကျိုးရှန်း ဆိပ်ကမ်းသည် ကမ္ဘာ့ နိုင်ငံနှင့်ဒေသ ၁၀၀ ကျော်မှ ဆိပ်ကမ်း ၆၀၀ ကျော်နှင့် ပို့ဆောင်မှုများကို ပြုလုပ်နေပါသည်။

Belt and Road အဆိုပြုချက် ဖေါ်ဆောင်လာသည်နှင့်အမျှ၊ ၂၀၁၇ ခုနှစ်တွင် နင်ပိုးမြို့နှင့် အလယ်အရှေ့ဥရောပ နိုင်ငံများအကြား သွင်းကုန်ပို့ကုန် လျင်မြန်စွာ တိုးမြင့်လာပြီး၊ စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၂့  ၉၂ ဘီလီယံ ရှိ၍ လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၃့  ၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ ယင်းတို့အနက် သွင်းကုန် ပမာဏမှာ ၇၄့ ၆ ရာခိုင်နှုန်း တိုးလာပြီး တစ်ပြည်လုံး ပျမ်းမျှ တိုးတက်နှုန်း၏ သုံးဆ ဖြစ်ကြောင်း၊ နင်ပိုးမြို့ ကျိုးရှန်း ဆိပ်ကမ်းနှင့် အလယ်အရှေ့ဥရောပ ဆိပ်ကမ်းကြီး လေးခု အကြား ကုန်သေတ္တာ ပို့ဆောင်မှု ပမာဏမှာ ၂ သိန်း ၈ သောင်းကျော် ရှိပြီး ၃၇ ရာခိုင်နှုန်းကျော် တိုးလာ ပါကြောင်း သတင်းရရှိပါသည်။

သက်ဆိုင်ရာ စာရင်းအရ၊ ယခုနှစ် ဇွန်လ လကုန်အထိ ကျိုးရှန်း ဆိပ်ကမ်း၏ ကုန်စည် တင်ချမှု စုစုပေါင်း ပမာဏမှာ တန် သန်းပေါင်း ၅၅၀ ကျော် ရှိပြီ ဖြစ်ပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၆့ ၆ ရာခိုင်နှုန်း တိုးလာကာ ကမ္ဘာ့ ပထမ အများဆုံး ဆက်လက် ဖြစ်နေကြောင်း၊ ကုန်သေတ္တာ တင်ချမှု ပမာဏမှာ ၁၄ သန်း ၄ သောင်းကျော် ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၇့ ၆ ရာခိုင်နှုန်း တိုးလာကာ တိုးတက်နှုန်းမှာ တစ်ပြည်လုံး ဒုတိယ နေရာ၌ တည်ရှိနေကြောင်း၊ ယခု ကျိုးရှန်း ဆိပ်ကမ်းသည် ကမ္ဘာ့ရှေ့ပြေး အရည်အချင်းမီအောင် ဆောင်ရွက်နေကာ ၂၀၂၂ ခုနှစ် ရောက်သည့်အခါ ကုန်စည် တင်ချမှု ပမာဏမှာ တန်သန်းပေါင်း ၁၂၅၀ ရှိမည် ဖြစ်ပြီး ကုန်သေတ္တာ တင်ချမှု ပမာဏမှာ သန်း ၃၀၀ ရှိမည်ဟု ခန့်မှန်းရကြောင်း သတင်းရရှိပါသည်။

   Webradio