• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှားလွန်ဘိုကျွန်းတွင်ရစ်ချီတာစကေး ၆အဆင့်ကျော်အင်အားရှိငလျှင်လှုပ်ခတ်မှု ထပ်လောင်းဖြစ်ပွား

(GMT+08:00) 2018-08-10 16:12:59

အင်ဒိုနီးရှားမိုးလေဝသ၊ ရာသီဥတုနှင့် ကမ္ဘာလုံးရူပဗေဒဦးစီးဌါနမှ သတင်းအရ ဒေသစံတော်ချိန် ၉ရက်နေ့ညနေ၁နာရီ၂၅မိနစ်က အင်ဒိုနီးရှားနိုင်ငံ လွန်ဘိုကျွန်း၌  ရစ်ချီတာစကေး ၆.၂ အဆင့် မြေငလျင်ဖြစ်ပွားပြီး လက်ရှိအချိန်အထိ သေကြေ ဒဏ်ရာရရှိခြင်း စာရင်းမရှိသေးကြောင်း တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

ယခုအကြိမ်ငလျင်လှုပ်ခတ်မှုမှာ လွန်ခဲ့သည့် ၁၀ရက်ကျော်များအတွင်း ယင်းဒေသတွင် ဖြစ်ပွါးသောတတိယအကြိမ် ရစ်ချီတာစကေး ၆အဆင့် ကျော်အင်အားပြင်း ငလျင်လှုပ်ခတ်မှု ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio