• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်သွယ်ရေးစစ်ပွဲကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်မည်ဟု ယုံကြည်စိတ် ရှိကြောင်း ယန်စီမြစ် စီးပွါးရေးဇုန် ဆီမီကွန်ဒတ်တာ အဆင့်မြင့်သိပ္ပံနည်းပညာ လုပ်ငန်းများ ဆို

(GMT+08:00) 2018-08-10 09:29:22

ယခုလောလောဆယ်တွင် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး အငြင်းပွါးမှုမှာ ဆိုးရွား ပြင်းထန်လာနေကာ အမေရိကန်၏ အခွန် တိုးကောက်ခြင်း တရုတ် ကုန်ပစ္စည်းများ အနက် တရုတ်ပြည်၏ ဆီမီကွန်ဒတ်တာ လုပ်ငန်း ပါဝင်ထားသည်။ ယင်းနှင့် ပတ်သက်ပြီး ယန်စီမြစ် စီးပွါးရေးဇုန် တစ်လျှောက်ရှိ ဆီမီကွန်ဒတ်တာစက်များနှင့် အစိတ်အပိုင်းပစ္စည်း ထုတ်လုပ်သော အဓိက လုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များက၊ အမြုတေကျ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရန် အရေးတကြီး လိုအပ်သည်ဟု နားလည်သိရှိပြီ ဖြစ်ကြောင်း၊ မိမိတို့သည် အကျပ်အတည်းကို အခွင့်အလမ်းအဖြစ် ပြောင်းလဲရန် ယုံကြည်စိတ်နှင့် စွမ်းအား ရှိပါကြောင်း ပြောကြားခဲ့ကြပါသည်။

အမေရိကန်၏ အခွန် တိုးကောက်ခြင်း တရုတ် ကုန်ပစ္စည်းများ အနက် LED ကုန်ပစ္စည်းများ ပါဝင်ထားသည်ဟု သိရပါသည်။ ကျန်းရှီးပြည်နယ် နန်ချမ်မြို့ အဆင့်မြင့် သိပံ္ပနည်းပညာဇုန်သည် တရုတ်ပြည် ပထမအသုတ် ဆီမီကွန်ဒတ်တာ မီးလုံးမီးသီး ထုတ်လုပ်ရေး အခြေစိုက်စခန်း တစ်ခု ဖြစ်ပြီး သိပံ္ပနည်းပညာဇုန်၌ တည်ရှိသော ကျင်းနင် ကုမ္ပဏီမှာ ပြည်တွင်း အကြီးဆုံး ပါဝါကြီး LED ဇင့်ပြား ထုတ်လုပ် ရောင်းချသော ကုမ္ပဏီ တစ်ခု ဖြစ်သည်။ ကုမ္ပဏီ၏ ထိပ်တန်း အမှုဆောင် အရာရှိ ဒေါက်တာ ဝမ်မြင်က၊ အမေရိကန်၏ အခွန် ကောက်ယူခြင်း အဟန့်အတားမှာ မိမိတို့ ကုမ္ပဏီ အပေါ် ထိခိုက် ဂယက်ရိုက်ခတ်မှု ရှိသော်လည်း ၅ ရာခိုင်နှုန်း ကျော်မည် မဟုတ်ကြောင်း၊ မိမိတို့သည် ကိုယ်ပိုင် ပညာမူပိုင်ခွင့် ရှိပြီး တစ်ကမ္ဘာလုံး နိုင်ငံများစွာသို့ တင်ပို့ ရောင်ချနေပြီး အမေရိကန်သို့ တင်ပို့ရောင်းချမှုနှုန်းသည် နည်းပါးပါကြောင်း၊ မိမိတို့သည် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချမှုကို တိုးချဲ့မည် ဖြစ်သည့် တစ်ချိန်တည်းတွင် ပြည်တွင်း ဈေးကွက်ကိုလည်း တိုးချဲ့ရန် စီစဉ်ထားကြောင်း ပြောကြားပါသည်။

နန်ချမ်း အလယ်အလတ်နှင့် မိုက်ကရို ဆီမီကွန်ဒတ်တာ ထုတ်လုပ်ရေးစက် ကုမ္ပဏီ မန်နေဂျာချုပ် ကျိဟွာက၊ တစ်ကမ္ဘာလုံးမှ LED မီးလုံးမီးသီးနှင့် ကိရိယာ ၈၅ ရာခိုင်နှုန်းကို တရုတ်ပြည်၌ ထုတ်လုပ်၊ တပ်ဆင်ခြင်း ဖြစ်ပြီး အခွန် တိုးကောက်လျှင်လည်း အမေရိကန်က အခြားဒေသမှနေ၍ အစားထိုး ကုန်ပစ္စည်းများကို ရှာတွေ့နိုင်မည် မဟုတ်ကြောင်း၊ အမေရိကန်၏ အခွန် တိုးကောက်ရန် ဘေးထွက် ဆိုးကျိုးများကို အမေရိကန် စားသုံးသူများပင် ခံရမည် ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

   Webradio