• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်တွင်းပြည်ပလုပ်ငန်းကုမ္ပဏီ၄၂၆ခု တရုတ်နိုင်ငံတကာနယ်စပ် ကူးသန်းရောင်းဝယ်ရေးဂိတ်ကုန်စည်ပြပွဲတွင် ပါဝင်

(GMT+08:00) 2018-08-09 15:42:44

ယခုလ၈ရက်နေ့က ၆ကြိမ်မြောက်တရုတ်နိုင်ငံတကာနယ်စပ် ကူးသန်းရောင်းဝယ်ရေး ဂိတ်ကုန်စည်ပြပွဲကို တရုတ်ဟေလုန်ကျန်းပြည်နယ် ဆွေဖိန်ဟိုမြို့၌ ဖွင့်လှစ်ပြီး လက်ရှိအချိန်အထိ တရုတ်၊ ရုရှား၊ တောင်ကိုးရီးယား၊ ဂါနာ၊ မလေးရှားနှင့် ပါကစ္စတန်စသောနိုင်ငံများမှ လုပ်ငန်းကုမ္ပဏီ ၄၂၆ခုတို့ ပါဝင်ခင်းကျင်းပြသရန် မှတ်ပုံတင်ခဲ့ပြီဖြစ်ကြောင်း တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

ယင်းကုန်စည်ပြပွဲသည် တရုတ်ပြည်၏ ပထမဦးဆုံးနယ်စပ်ကူးသန်းရောင်းဝယ်ရေး ဂိတ်ကုန်သွယ်မှုဆိုင်ရာ အထွေထွေကုန်စည်ပြပွဲဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio