• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် တရုတ်ပြည် ဝန်ဆောင်မှုဆိုင်ရာ သွင်းကုန်ပို့ကုန် ပမာဏမှာ သမိုင်းစံချိန်သစ် တင်

(GMT+08:00) 2018-08-08 09:43:10

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ဆောင်မှု ကူးသန်းရောင်းဝယ်မှု ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် လီယွမ်က၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည် ဝန်ဆောင်မှု ကူးသန်းရောင်းဝယ်မှုများမှာ မြန်မြန်မှန်မှန် တိုးတက်လာကြောင်း၊ သွင်းကုန် ပို့ကုန် ပမာဏမှာ သမိုင်းစံချိန်သစ် တင်နိုင်ခဲ့ကြောင်း၊ ကုန်သွယ်ရေး ဖွဲ့စည်းပုံမှာ ဆက်တိုက် ကောင်းမွန် လာပြီး အရည်အသွေးနှင့် အမြတ်အစွန်းများ တိုးမြင့်လာနေကြောင်း ယခုလ ၇ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ စာရင်းအရ၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည်၏ ဝန်ဆောင်မှုဆိုင်ရာ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ ယွမ် ၂၅၃၁့ ၃၃ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၈့  ၅ ရာခိုင်နှုန်း တိုးလာပါကြောင်း၊ ယင်းတို့အနက် ပို့ကုန်ပမာဏမှာ ယွမ် ၈၄၁့ ၅၇ ဘီလီယံ ရှိပြီး ၁၃့ ၆ ရာခိုင်နှုန်း တိုးလာကြောင်း၊ သွင်းကုန် ပမာဏမှာ ယွမ် ၁၆၈၉့ ၇၆ ဘီလီယံ ရှိပြီး ၆့ ၁ ရာခိုင်နှုန်း တိုးလာကြောင်း၊ လိုငွေပြမှု ပမာဏမှာ ယွမ် ၈၄၈့ ၁၈ ဘီလီယံ ဖြစ်ကြောင်း၊ ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှု ပမာဏမှာ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း ပမာဏ၏ ၁၅့ ၂ ရာခိုင်နှုန်းအထိ တိုးလာပြီ ဖြစ်ပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၀့ ၁ ရာခိုင်နှုန်း တိုးလာပါကြောင်း သတင်းရရှိပါသည်။

ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် ထွန်းသစ်စ ဝန်ဆောင်မှု သွင်းကုန်ပို့ကုန် ပမာဏမှာ ၁၉ ရာခိုင်နှုန်း တိုးလာပြီး ယင်းတို့အနက် ထွန်းသစ်စ ဝန်ဆောင်မှု ပို့ကုန်မှာ ၂၃့ ၆ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။

   Webradio