• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကူပူချီ သဲကန္တာရ ပေါ်က အံ့ဖွယ်ရာ စိမ်းလန်းစိုပြေရေး

(GMT+08:00) 2018-08-07 09:49:12

ကူပူချီ သံကန္တာရသည် တရုတ်နိုင်ငံ အတွင်း မွန်ဂိုးပြည်နယ် အေရ်တူစ်မြို့ မြောက်ဖက်၌ တည်ရှိပြီး စုစုပေါင်း အကျယ်အဝန်း စတုရန်း ကီလိုမီတာ ၁၈ သိန်း ၆ သောင်. ရှိကာ တရုတ်ပြည် သတ္တမ အကြီးဆုံး သဲကန္တာရလွင်ပြင် ဖြစ်သည်။ သို့သော် ယနေ့ ဂြိုဟ်တုမှနေ ကြည့်ပါက ကူပူရီ သဲကန္တာရပေါ်၌ အစိမ်းရောက်အကွက်များ တစ်နေ့ထက် တစ်နေ့ တိုးများလာနေပါသည်။ သဲကန္တာရ ပြုပြင်သည့် တစ်ချိန်တည်းတွင် ဒေသခံများ၏ ဝင်ငွေလည်း ထင်ရှားစွာ တိုးများလာနေပါသည်။

အရင်တုန်းက ဆိုလျှင် ကူပူချီ သဲကန္တာရဒေသတွင် နေထိုင်သော လယ်သမားများ၏ တစ်နှစ်တာ ပျမ်းမျှ ဝင်ငွေမှာ ယွမ် ၄၀၀ တောင် မရှိပေ။ သဲမုန်တိုင်းများ ခဏခဏ ဖြစ်ပွါး တတ်ပြီး ကုလားအုပ်သည် တစ်မျိုးတည်းသော ပို့ဆောင်ရေး ကိရိယာပင် ဖြစ်သည်။

မကြာမီက စီအာအိုင် သတင်းထောက်များက ကူပူချီ သဲကန္တာရဒေသ တောင်တူကာချာ ရွာသို့ သွားရောက် သတင်းထောက်ယူခဲ့ပါသည်။ ဂေဟစနစ်ကို ထိန်းသိမ်း ကာကွယ်ရန် အတွက် ၂၀၀၆ ခုနှစ်က လယ်သမားနှင့် တိရစ္ဆှာန် မွေးမြူရေး မိသားစု ၃၆ စုသည် အထက်ပါ အစိုးရ ဦးစီးပြုလုပ်ပြီး လုပ်ငန်းကုမ္ပဏီများ ထောက်ပံ့ ဆောက်လုပ်သည့် တောင်တူကာချာ ရွာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါသည်။ ယနေ့ တောင်တူကာချာ ရွာသည် စိမ်းလန်းစိုပြေပြီး ရွာသူရွာသားများက စိုက်ပျိုးရေးနှင့် ခရီးသွား လုပ်ငန်းကို လုပ်ဆောင်နေကြပါသည်။ ကလားအုပ် ဆိုလျှင် ခရီးသွား ရှုခင်းသာဇုန်၌သာ မြင်နိုင်ပါသည်။ ရွာသူရွာသားများ၏ နှစ်စဉ် ပျမ်းမျှ ဝင်ငွေမှာ ယွမ် ၁၂ သောင်း အထိ တိုးလာပါပြီ။

လက်ရှိအချိန်တွင် ကူပူချီ သဲကန္တာရဒေသတွင် သဲကန္တာရ ပြုပြင်မှု ဧရိယာ အကျယ်အဝန်းမှာ စတုရန်း ကီလိုမီတာ ၆၀၀၀ ကျော် ရှိပြီး စိမ်းလန်းစိုပြေမှု ဧရိယာ အကျယ်အဝန်းမှာ စတုရန်း ကီလိုမီတာ ၃၂၀၀ ကျော် ရှိကာ အလုပ်အကိုင်နေရာ ၁ သန်းကျော်ကို ဖန်တီးပေးသည်ဟု သတင်းရရှိပါသည်။

   Webradio