• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ ပရိယာယ် ၂မျိုး

(GMT+08:00) 2018-08-02 11:12:36

၎လကြာခဲ့သော တရုတ်-အမေရိကန် ကုန်သွယ်ရေး ယှဉ်ပြိုင်မှုသည် ယခုရက် များတွင် အခြေအနေသစ် ဖြစ်ပေါ်လာကြောင်း၊ အမေရိကန် Bloomberg Newsမှ ပုဂ္ဂိုလ် တစ်ဦးက အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး မနူချင်နှင့် တရုတ် နိုင်ငံတော် ဒုဝန်ကြီးချုပ် လျူဟို့၏ ကိုယ်စားလှယ်တို့သည် တရုတ်-အမေရိကန် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲ ပြန်လည် ကျင်းပရေးနှင့် ပတ်သက်၍ လူသိရှင်ကြား မဟုတ်သော ဆွေးနွေးပွဲကို ကျင်းပနေသည်ဟု ပြောကြားကြောင်း၊ တစ်ချိန်တည်းတွင်ပင် အမေရိကန်သည် တရုတ်ပြည် မှတင်သွင်းသော ကန်ဒေါ်လာ ၁၆ဘီလီယံ ဖိုးရှိသော ကုန်ပစ္စည်းများ အပေါ် အခွန် တိုးကောက် နိုင်ဖွယ်ရာရှိကြောင်း၊ ထို့အပြင်၊ အမေရိကန် အစိုးရသည် ကန်ဒေါ်လာ ဘီလီယံ ၂၀၀ဖိုးရှိသော တရုတ် ကုန်ပစ္စည်းများ အပေါ် ၂၅ရာခိုင်နှုန်း အခွန် တိုးကောက်ရန် စဉ်းစားနေကြောင်း၊ ယင်းအခွန်တိုးကောက်နှုန်းသည် မကြာခင်က ကြေညာခဲ့သည့် ၁၀ရာခိုင်နှုန်းထက် ပိုမြင့်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အမေရိကန်သည် တစ်ဖက်က တရုတ်ပြည်နှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲကို ပြန်လည် ကျင်းပမည်ဟု ထုတ်ဖော်ခဲ့ကြောင်း၊ နောက်တစ်ဖက်ကတော့ အခွန်တိုးကောက်မည်ဟု ကြိမ်ဖန်များစွာ ခြိမ်းခြောက်ကြောင်း၊ ယင်းသည် အမေရိကန် အနေနှင့် ကုန်သွယ်ရေး ပြဿနာကို ဖြေရှင်းရန် စိတ်ရင်းစေတနာ မရှိဘဲ ယင်းပရိယာယ် ၂မျိုးဖြင့် ပိုမိုများပြားသည့် အကျိုးစီးပွား ရရှိရန် ကြံစည်နေခြင်းကို ပြဆိုနေကြောင်း၊ သို့သော် တရုတ်ပြည်သည် အမေရိကန်ဘက်မှ ပြောစကား မတည်တံ့ဘဲ ပြောင်းလွှဲဖောက်ပြန်လာခြင်းကို သိခဲ့ရပြီ ဖြစ်၍ အမေရိကန်၏ ယင်းလုပ်ရပ်မျိုးသည် တရုတ်ပြည်မှ ကြိုတင်တွေးဆခဲ့သည့် ကိစ္စပင် ဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်သည် ကန်ဒေါ်လာ ၁၆ဘီလီယံ (သို့) ဘီလီယံ ၂၀၀ဖိုး ရှိသော တရုတ် ကုန်ပစ္စည်းများကို အခွန်တိုးကောက်ရန် ဖြစ်စေ၊ အခွန် တိုးကောက်နှုန်းမှာ ၂၅ရာခိုင်နှုန်း (သို့) ၁၀ရာခိုင်နှုန်း ဖြစ်စေ၊ တရုတ်ပြည် အနေနှင့် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး ပမာဏနှင့် အရည်အသွေး ညီမျှသော အထွေထွေ ဆောင်ရွက်ချက်များကို အသုံးပြုပြီး ခိုင်မာပြတ်သားစွာ တုံ့ပြန်မည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ဇူလိုင်လ ၆ရက်နေ့က တရုတ်-အမေရိကန် ကုန်သွယ်မှု စစ်ပွဲကို အမေရိကန်မှ စတင် လှုံ့ဆော်ခဲ့သည့် နောက်ပိုင်းတွင် အိမ်ဖြူတော်သည် တစ်ဖက်က ဆွေးနွေးပွဲ ကျင်းပ ကြောင်း၊ နောက်တစ်ဖက်ကတော့ တရုတ်ပြည်မှ တင်သွင်းသော ကုန်ပစ္စည်းများ အပေါ် အခွန် တိုးကောက်သည်ဟု ကြိမ်ဖန်များစွာ ဖော်ပြကြောင်း၊ ယင်းပရိယာယ် ၂မျိုး၏ ရည်ရွယ်ချက်မှာ ၃ခုရှိကြောင်း၊ ပထမအချက်က တရုတ်ပြည် အပေါ် လှုံ့ဆော်ခဲ့သော ကုန်သွယ်မှု စစ်ပွဲတွင် အကျိုးသက်ရောက်မှု လျင်မြန်စွာ မရရှိခဲ့သောကြောင့် ထရန့် အစိုးရသည် စိတ်ပူလာပြီး ပိုမို အစွန်းရောက်သော နည်းလမ်းဖြင့် တရုတ်ပြည် အပေါ် တစ်ဆင့်တိုး ဖိအားပေးရန် ကြံစည်နေကြောင်း၊ ဒုတိယ အချက်ကတော့ အမေရိကန် ပြည်တွင်းတွင် ကုန်သွယ်မှု စစ်ပွဲ အပေါ် ဆန့်ကျင်သူ များပြားလာသောကြောင့် ထရန့် အစိုးရသည် ဖိအားပေးမှုများကို လွှဲချရန် ကြံစည်နေကြောင်း၊ တတိယ အချက်က ထရန့် အစိုးရသည် အမေရိကန်နှင့် တရုတ်ပြည် အကြားရှိ ကုန်သွယ်မှု ဆိုင်ရာ လိုငွေပြမှု ပြဿနာကို ဖြေရှင်းရန်သာ မကဘဲ တရုတ်ပြည်၏ ဖွံ့ဖြိုးရေး လမ်းကြောင်းကို ပြောင်းလဲစေရန် ကြံစည်နေကြောင်း စီအာအိုင်က ဖော်ပြသည်။

မည်သည့် အချုပ်အခြာ အာဏာရှိသော နိုင်ငံမဆို မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် ရှိကြောင်း၊ အမေရိကန်မှ လှုံ့ဆော်ခဲ့သော ကုန်သွယ်မှု စစ်ပွဲသည် တရုတ်ပြည်၏ ဖွံ့ဖြိုးရေး မဟာဗျူဟာကို ပြောင်းလဲစေနိုင်မည်  မဟုတ်ကြောင်း၊ အမေရိကန် အနေနှင့် တကယ့်ကို ဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် ပြဿနာကို ဖြေရှင်းချင်ပါက စိတ်ရင်းစေတနာကို ပြသရန် လိုကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio