• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွန်ခဲ့သည့်လ တရုတ်ပြည် ကုန်ထုတ်လုပ်မှု PMI မှာ ရှင်သန်မြဲ ရှင်သန်နေ

(GMT+08:00) 2018-08-01 09:40:10

တရုတ် နိုင်ငံတော် စာရင်းအင်း ဦးစီးဌာနမှ လွန်ခဲ့သည့်လ ၃၁ ရက်နေ့မှ ထုတ်ပြန်သော စာရင်းအရ၊ လွန်ခဲ့သည့်လတွင် တရုတ်ပြည် ကုန်ထုတ်လုပ်မှုဆိုင်ရာ PMI ကိန်းညွှန်းမှာ ၅၁့  ၂ ရာခိုင်နှုန်း ဖြစ်ပြီး ရှင်သန်မြဲ ရှင်သန် နေကြောင်း၊ ကျွမ်းကျင်ပညာရှင်များက၊ လာမည့်နှစ်ဝက်ပိုင်းတွင် PMI မှာ တရားနည်းလမ်းကျရာ၌ ဆက်လက် တည်ရှိသွားမည်ဟု သုံးသပ် ထားကြောင်း သတင်းရရှိပါသည်။

PMI မှာ လုပ်ငန်းကုမ္ပဏီများ ကုန်စည် ဝယ်ယူမှု၊ ကုန်ထုတ်လုပ်မှု၊ ကုန်စည်စီးဆင်းမှု စသည့် နယ်ပယ်များ ပါဝင်ပြီး နိုင်ငံတကာ၌ မိုက်ကရို စီးပွါးရေး အလားအလာကို အကဲဖြတ်ရေးဆိုင်ရာ အသုံးပြုလေ့ရှိသော ကိန်းညွှန်း တစ်ခု ဖြစ်ပါသည်။

နိုင်ငံတကာ ကုန်သွယ်ရေး အငြင်းပွါးမှု၏ တရုတ်ပြည် စီးပွါးရေး အပေါ် ဂယက်ရိုက်ခတ်မှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံတော်ကောင်စီ ဖွံ့ဖြိုးမှု သုတေသန စင်တာ မိုက်ကရို စီးပွါးရေး သုတေသနဌာန သုတေသီ မစ္စတာ ကျမ်လိချွင်က၊ တရုတ်ပြည် စီးပွါးရေးမှာ ပြည်တွင်းဝယ်လိုအားကို အဓိကအဖြစ် ထားနေပြီး နိုင်ငံတကာ ကုန်သွယ်မှု အခြေအနေကို နိုင်ငံ တစ်စုံတစ်ခု တစ်ဖက်သတ် ပြောင်းလဲခြင်းသည် အခြေအနေ တစ်ခုလုံး အပေါ် ကြီးမားသော ဂယက်ရိုက်ခတ်မှု ဖြစ်စေနိုင်မည် မဟုတ်ကြောင်း၊ နိုင်ငံတကာ ကုန်သွယ်ရေး အငြင်းပွါးမှုသည် တရုတ်ပြည်၏ ပို့ကုန် အပေါ် ဂယက်ရိုက်ခတ်မှုကို လျစ်လျူရှု၍ မရသော်လည်း နိုင်ငံတကာ ကုန်သွယ်မှု ဖွဲ့စည်းပုံနှင့် နိုင်ငံတကာ စီးပွါးရေး ဖွဲ့စည်းပုံမှာ ရေရှည် စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ပင် ဖြစ်ခြင်းကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း၊ တရုတ်ပြည်၏ ပြည်တွင်း ဝယ်လိုအား တိုးချဲ့ခြင်းနှင့် ပြည်တွင်း ဈေးကွက် ပုံမှန် တိုးတက်စေရေးဆိုင်ရာ မူဝါဒများသည် တရုတ်ပြည် စီးပွါးရေး မှန်မှန် တိုးတက်ရေးကို အထောက်အကူ ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio