• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဗဟို လုပ်ငန်းကုမ္ပဏီများ၏ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် အမြတ်အစွန်းမှာ သမိုင်းစံချိန်သစ် တင်

(GMT+08:00) 2018-07-31 09:22:08

တရုတ် နိုင်ငံတော်ကောင်စီ နိုင်ငံတော်ပိုင် ဓနဥစ္စာ ကြီးကြပ် စီမံအုပ်ချုပ်ရေး ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးက၊ ယခုနှစ်တွင် ဗဟို လုပ်ငန်းကုမ္ပဏီများသည် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို နက်ရှို်င်းစွာ ဆောင်ရွက်ပြီး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို အစွမ်းကုန် တွန်းအားပေးကာ အကျိုးသက်ရောက်မှုများ ထင်ရှား ပါကြောင်း၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် ဗဟို လုပ်ငန်းကုမ္ပဏီများ၏ ရောင်းချမှု ဝင်ငွေနှင့် အမြတ်အစွန်း ပမာဏမှာ သမိုင်း စံချိန်သစ် တင်နိုင်ခဲ့ပြီး ကြွေးမြီနှုန်းမှာ လျော့နည်းလာကြောင်း ယခုလ ၃၀ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။

နိုင်ငံတော်ပိုင် ဓနဥစ္စာ ကြီးကြပ် စီမံအုပ်ချုပ်ရေး ကော်မတီ ဒုဥက္ကဋ္ဌ မစ္စတာ အုပ်ကျယ်မင်က၊ ယခုနှစ် ပထမ ၆ လ အတွင်း ဗဟို လုပ်ငန်းကုမ္ပဏီများ၏ ရောင်းချမှု ဝင်ငွေမှာ ယွမ် ဘီလီယံ ၁၃၇၀၀ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၀့ ၁ ရာခိုင်နှုန်း တိုးလာကြောင်း၊ အမြတ်အစွန်း ပမာဏမှာ ယွမ် ၈၈၇့ ၇၉ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၃ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဗဟို လုပ်ငန်းကုမ္ပဏီများ၏ ပျမ်းမျှ ကြွေးမြီနှုန်းမှာ လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၀့  ၅ ရာခိုင်နှုန်း လျော့နည်းလာကြောင်း ပြောကြားပါသည်။

   Webradio