• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ချုံချင့်မြို့ တောင်တန်း လယ်ယာစိုက်ပျိုးရေး အဆင့်မြှင့်တင်၊ ယန်စီမြစ် ဂေဟစနစ်ကို တွန်းအားပေး

(GMT+08:00) 2018-07-30 09:27:31

ချုံချင့်မြို့သည် တရုတ်ပြည် ယန်စီမြစ်ညာဒေသ၌ တည်ရှိပြီး ယန်စီ မြစ်ညာဒေသ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးကို အမြဲ အားဖြည့် ဆောင်ရွက်နေသည်။ ယခုနှစ်များတွင် ချုံချင့်မြို့သည် လိမ္မော်သီး၊ ရှောက်သီး အပါအဝင် သိုလှောင်နိုင်သော သစ်သီးများနှင့် တိုင်းရင်းဆေးပင်များ၊ လက်ဖက်ပင် စသဖြင့် တွန်းအားပေး စိုက်ပျိုးကာ၊ ဒေသခံ ဝိသေသ ပါရှိသော ခေတ်မီ တောင်တန်း စိုက်ပျိုးရေးကို အဓိကထား လုပ်ဆောင် နေသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ချုံချင့်မြို့ ဝမ်ကျို ဒေသသည် ယန်စီမြစ် စမ်းရှာ မြစ်ကျဉ်း နေရာ ရေလှောင်ကန်၌ တည်ရှိပြီး ယန်စီမြစ် မြစ်ညာ၌ ဂေဟစနစ် ထိန်းသိမ်းရေးဆိုင်ရာ အရေးကြီး ဒေသ တစ်ခု ဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်ကစပြီး ဝမ်ကျို ဒေသသည် နှင်းဆီပန်း ရနံ့ ဖြစ်သည့် လိမ္မော်သီးမျိုးကို မျိုးစပ် စိုက်ပျိုးပြီး၊ ယခု အထိ စိုက်ပျိုးမြေ ဧရိယာ အကျယ်အဝန်းမှာ တရုတ် မို ၁ သန်း ၂ သောင်းကျော် ရှိပြီ ဖြစ်ကာ ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုးမှာ ယွမ် သန်း ၂၀၀ အထိ တိုးလာပါသည်။ ဒေသခံ ဝိသေသ ပါရှိသော လိမ္မော်သီးမျိုးများ စိုက်ပျိုးခြင်းသည် ဒေသခံများ၏ ဝင်ငွေ တိုးလာစေသည့်အပြင် မိခင်မြစ် ဖြစ်သည့် ယန်စီမြစ် ပတ်ဝန်းကျင်ကိုလည်း ကောင်းမွန်းစွာ ထိန်းသိမ်းနေသည်ဟု သတင်းရရှိပါသည်။

   Webradio