• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS နိုင်ငံများ ၁၀ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကျင်းပ

(GMT+08:00) 2018-07-27 10:33:37

BRICS နိုင်ငံများ ၁၀ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ယခုလ ၂၆ ရက်နေ့က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့၌ ကျင်းပခဲ့ရာ၊ တောင်အာဖရိက သမ္မတ ရာမာဖူစာက အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၊ ဘရာဇီး သမ္မတ ထရီမေ၊ ရုရှား သမ္မတ ပူတင်နှင့် အိန္ဒိယ သမ္မတ မော်ဒီတို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေး၌ မိန့်ခွန်း ပြောကြားရာတွင်၊ BRICS နိုင်ငံများ အနေနှင့် သမိုင်းရေစီးကြောင်းကို ကိုင်တွယ်ရမည် ဖြစ်ကြောင်း၊ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု နက်ရှိုင်းလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ "ဘီး သုံးခု တွန်းအားပေးခြင်း" ပူးပေါင်းဆောင်ရွက်ရေး မူဘောင် ပိုမို ခိုင်ခံ့လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ "ဒုတိယ ၁၀ နှစ်တာ ရွှေကာလ" ဖေါ်ဆောင်နိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လူသား ကံကြမ္မာအသိုက်အဝန်း တည်ထောင်ရန်အတွက် လက်တွဲ ကြိုးပမ်းရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

အစည်းအဝေးတွင် BRICS နိုင်ငံ ခေါင်းဆောင်များသည် "BRICS နိုင်ငံများ အာဖရိက၌ ရှိ၍ စတုတ္ထအကြိမ် စက်မှု အရေးတော်ပုံတွင် သက်ညှာထောက်ထားပြီး အကျိုးတူ စည်ပင်သာယာရေးကို အတူ စီမံခြင်း" ဆောင်ပုဒ်ကို ဗဟိုထားပြီး၊ BRICS နိုင်ငံများ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး အကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

   Webradio