• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS နိုင်ငံ စက်မှုနှင့် ကုန်သွယ်မှု ပုဂ္ဂိုလ်များသည် ပူးပေါင်းဆောင်ရွက်ရေး အတွေ့အကြုံများ ကူးလူးဖလှယ်

(GMT+08:00) 2018-07-26 10:14:06

လွန်ခဲ့သည့်နှစ်က BRICS နိုင်ငံများ ထိပ်သီးအစည်းအဝေးကို တရုတ်ပြည် ရှာ့မင် မြို့၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် အစည်းအဝေးကို တောင်အာဖရိက ဂျိုဟန်နက်စဘတ် မြို့၌ ကျင်းပနေပါသည်။ ယင်းသည် BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး စနစ် ဒုတိယ အကြိမ်မြောက် ၁၀ နှစ်တာ ရွှေကာလသို့ ဝင်ရောက်ပြီဟု ပြဆိုနေပါသည်။ ၂၅ ရက်နေ့က ကျင်းပသော BRICS နိုင်ငံ စက်မှုနှင့် ကုန်သွယ်မှု ဖိုရမ်တွင် BRICS နိုင်ငံ စက်မှုနှင့် ကုန်သွယ်မှု လောကမှ ပုဂ္ဂိုလ်များသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း BRICS နိုင်ငံများ စနစ် မူဘောင်အတွင်း ရရှိသော တိုးတက်အောင်မြင်မှုနှင့် အတွေ့အကြုံများနှင့် ပတ်သက်ပြီး အမြင်ချင်း ကူးလူးဖလှယ်ခဲ့ကြသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

တောင်အာဖရိက သတ္ထုကျောက် လုပ်ငန်းရှင် မိုလေတာက၊ သမ္မတ ရာမာဖိုစာက ပိုမိုများပြားသော တရုတ် လုပ်ငန်းရှင်များ တောင်အာဖရိကသို့ လာရောက် ရင်းနှီးမြှုပ်နှံမည်ဟု ယမန်နေ့က ပြောဆိုခဲ့သည်။ မိမိသည် ယင်းကို စောင့်မျှော်နေသည်။ ပိုမိုများပြားသော ပြည်သူများ စီးပွါးရေး ဖွံ့ဖြိုးမှုမှ အကျိုးစီးပွါး ခံစားနိုင်မည်ဟု ပြောကြားပါသည်။

BRICS နိုင်ငံများ စက်မှုနှင့် ကုန်သွယ်မှု ကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ စေဗေက၊ လာမည့် ၁၀ နှစ် အတွင်း BRICS နိုင်ငံများ အနေနှင့် ပိုမိုများပြားသော ပူးပေါင်း ဆောင်ရွက်ရေး စနစ်ကို တည်ထောင်ရမည် ဖြစ်ကြောင်း တိုက်တွန်းပါသည်။

   Webradio