• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည် အလုပ်အကိုင် နေရာချထားမှု အခြေအနေ ကောင်းမွန်

(GMT+08:00) 2018-07-24 09:34:26

တရုတ် လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှု အာမခံပေးရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူအိုက်ဟုန်က၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည် အလုပ်အကိုင် နေရာချထားမှု အခြေအနေမှာ ခြုံပြီးကြည့်လျှင် ကောင်းမွန်ပါကြောင်း ယခုလ ၂၃ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။

လူအိုက်ဟုန်က၊ ယခုနှစ် ပထမ ၆ လ အတွင်း မြို့ပြ အလုပ်အကိုင်နေရာသစ် ၇၅ သိန်း ၂ သောင်းကျော် တိုးလာပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၁ သိန်း ၇ သောင်း တိုးလာကြောင်း၊ ယခုနှစ် ဒုတိယ သုံးလပတ်အတွင်း တစ်ပြည်လုံး မြို့ပြ မှတ်ပုံတင် အလုပ်လက်မဲ့နှုန်းမှာ ၃့ ၈၃ ရာခိုင်နှုန်း ဖြစ်ပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၀့ ၁၂ ရာခိုင်နှုန်း ကျဆင်းလာကာ နှစ်ပေါင်းများစွာ အတွင်း အနိမ့်ဆုံးပင် ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ၄င်းက၊ ယခုနှစ် ပထမ ၆ လ အတွင်း တရုတ်ပြည် ဂျီဒီပီမှာ လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၆့ ၈ ရာခိုင်နှုန်း တိုးလာပြီး သုံးလပတ် ၁၂  ကြိမ် ဆက်တိုက် ၆့ ၇ နှင့် ၆့ ၉ ရာခိုင်နှုန်း ကြား၌ ထိန်းသိမ်းထားနိုင်ခဲ့ကြောင်းလည်း ရှင်းလင်း ပြောကြားပါသည်။

   Webradio