• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘယ်သူက ကမ္ဘာ့ ကုန်သွယ်ရေးစစ်ပွဲကို ချုပ်ကိုင်နေတာလဲ

(GMT+08:00) 2018-07-23 13:13:03

ဂျီ-၂၀ ဘဏ္ဍာရေး ဝန်ကြီးများနဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးကို ဒီလ ၂၂ ရက်နေ့က အာဂျင်တီးနားနိုင်ငံ မြို့တော်မှာ ကျင်းပ ပြီးစီးခဲ့ပါတယ်။ ကုန်သွယ်မှု ပြဿနာဟာ မလွဲမသွေပဲ ဒီအကြိမ် အစည်းအဝေးမှာ လူတကာ အာရုံစူးစိုက်ရာ ဖြစ်လာ ပါတယ်။ ဒီအကြိမ် အစည်းအဝေးမှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး ကုန်သွယ်ရေး အငြင်းပွါးမှုကြောင့် ကမ္ဘာ့ စီးပွါးရေး အပေါ် ဖြစ်လာစေတဲ့ အန္တရာယ်များကို ရင်ဆိုင် နိုင်ဖို့ အတွက် နိုင်ငံ အသီးသီးတို့ အနေနဲ့ ဆွေးနွေးမှုကို အားဖြည့်ရမယ်လို့ အလေးတင် ဖေါ်ပြထားပေမယ့် ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီး လေမယ်ရေက၊ အမေရိကန် အနေနဲ့ သံမဏိနဲ့ အလူမီနီယမ် ကုန်ပစ္စည်းအပေါ် အခွန် တိုးကောက်ခြင်းကို အရင် ဖျက်သိမ်းရမယ်၊ ဒါမှမဟုတ်ရင် ဥရောပသမဂ္ဂဟာ အမေရိကန်နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။

ဒီနှစ် မတ်လကစပြီး အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲကို လှုံ့ဆော် ပြုလုပ် ခဲ့တဲ့ နောက်ပိုင်း၊ ကမ္ဘာ့ကုန်သွယ်ရေး အငြင်းပွါးမှုမှာ အောက်ပါအတိုင်း ထပ်တစ်ခါခါ လုပ်ဆောင် နေတယ်၊ တစ်ဖက်မှာ အမေရိကန်က၊ တရုတ်၊ ဥရောပသမဂ္ဂ အပါအဝင် အဓိက ကုန်သွယ်ရေး မိတ်ဖက်များက ပြဿနာ ဖြေရှင်းဖို့ တာဝန်ယူရမယ်၊ အမေရိကန် ကတော့ နစ်နာ ခံရဘက်ပဲ ဖြစ်တယ်၊ ပြဿနာ ဖြေရှင်းဖို့ ဘောလုံးဟာ တစ်ဖက်သားရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ ဆိုပြီး တစ်ဖက်မှာလည်း အကြိမ်ကြိမ်အဖန်ဖန် အငြင်းပွါးမှုများ တိုးလာအောင် လုပ်ဆောင်နေတယ်။ ဥပမာ ဆိုရရင်၊ သံမဏိနဲ့ အလူမီနီယမ် ကုန်ပစ္စည်း အပေါ် အခွန် တိုးကောက်ခဲ့ပြီးနောက်၊ အခု ဥရောပသမဂ္ဂမှ မော်တော်ကား အပေါ်လည်း အခွန် တိုးကောက်မယ်၊ အခွန် တိုးကောက်မယ့် တရုတ် ကုန်ပစ္စည်း တန်ဖိုးကိုလည်း ဒေါ်လာ ဘီလီယံ ၅၀ ကနေ ဘီလီယံ ၂၀၀ အထိ တိုးသွားမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်။

ဒါနဲ့ ဒီအကြိမ် ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲရဲ့ ဘောလုံးဟာ နောက်ဆုံးကျတော့ ဘယ်သူရဲ့ လက်ထဲမှာ ရှိတာလဲ။ အမေရိကန်ဟာ တစ်ဖက်မှာ အကောက်ခွန် ဖြစ်တဲ့ ဒီဘောလုံးကို ချုပ်ကိုင်ထားပြီး တစ်ဖက်မှာ တစ်ဖက်သားများကို မဟုတ်မမှန် အပြစ်များကို အတင်း တင်နေတယ်။ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ အကြောင်းရင်း တစ်ခုပဲ ရှိတယ်၊ အဲဒါကတော့ အမေရိကန်က ဒီအကြိမ် ကုန်သွယ်ရေးစစ်ပွဲကို လုံးဝ အဆုံး မသတ်ချင် တာကြောင့်ပဲ ဖြစ်တယ်။ အမေရိကန်က ဒီကုန်သွယ်ရေးစစ်ပွဲကို အဆုံးမသတ် ချင် ရုံသာ မက၊ ကိုယ့် စည်းကမ်း၊ ကိုယ့်အသွင်ပုံစံနဲ့ ချုပ်ကိုင်ပြီး စွဲစွဲမြဲမြဲ ဆင်နွှဲသွားချင်ပါတယ်။

ဘယ်သူက ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲ ဖြစ်စေတဲ့ ဘောလုံးကို ချုပ်ကိုင်တားတာလဲ။ ထရန့်က ဥရောပသမဂ္ဂကို အမေရိကန်ရဲ့ ရန်သူ အဖြစ် မြင်ထားပေမယ့် ဥရောပသမဂ္ဂ ကတော့ မိမိတို့ဟာ အမေရိကန်ရဲ့ မဟာမိတ် ဖြစ်တယ်လို့ ပြောနေသေးတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် မဟာမိတ်ဟာ အုပ်ဂိုဏ်း မဟုတ်ဘူး။ ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီးက၊ အမေရိကန်က တရားနည်းလမ်းကို နဲနဲ လိုက်နာသင့်တယ်၊ နိုင်ငံစုံ ကုန်သွယ်ရေး စည်းမျဉ်း စည်းကမ်းကို လေးစားသင့်တယ်၊ ဥရောပသမဂ္ဂနဲ့ တရုတ်တို့နဲ့အတူ အငြင်းပွါးမှုကို တိုင်ပင်ဆွေးနွေးတဲ့နည်းလမ်းနဲ့ ဖြေရှင်း သင့်တယ်လို့ ပြောတယ်။ ဒီစကားတွေကို အမေရိကန် အစိုးရက နားလည်လား နားမလည်ဘူးလား ဆိုတာ မသေချာဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့မြင်းငါစိုင်း လုပ်နေတဲ့ အမေရိကန် အနေနဲ့ နားမလည်ဘူး ဆိုရင်လည်း မဆန်းပါဘူး။

   Webradio