• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဆီနီဂေါနိုင်ငံ မီဒီယာ၌ ဆောင်းပါး ထုတ်ပြန်

(GMT+08:00) 2018-07-21 10:23:24

ဆီနီဂေါ နိုင်ငံ ခရီးစဉ် စတင်တော့မည့် အခါသမယတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဆီနီဂေါ နေ သတင်းစာ၌ တရုတ်နှင့် ဆီနီဂေါ တညီတညွတ်တည်း သွေးစည်းညီညွတ်ခြင်း ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းဆောင်းပါးတွင်၊ တရုတ်နှင့် ဆီနီဂေါ နှစ်နိုင်ငံအကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုသည် အဆက်မပြတ် တိုးမြင့် လာပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အောင်ကျိုးရလဒ်များကို ထိထိရောက်ရောက် ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံတို့သည် အရေးကြီး နိုင်ငံတကာနှင့် ဒေသရေးရာများ၌ ရင်းနှီးစွာ ညှိနှိုင်း ဆောင်ရွက်နေခဲ့ကြောင်း၊ နှစ်ဖက် ဆက်ဆံမှုသည် ရေရှည် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုမှနေ၍ ဘက်စုံ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုသို့ မြှင့်တင်သွားပြီ ဖြစ်ကြောင်း ရေးသား ဖေါ်ပြထားပါသည်။

   Webradio