• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်စီမြစ် စီးပွါးရေးဇုန် သတင်းထောက်ယူရေး လှုပ်ရှားမှု ယူနန်ပြည်နယ် လိကျန်း၌ စတင် ကျင်းပ

(GMT+08:00) 2018-07-21 10:04:11

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာနမှ စည်းရုံးသော ယန်စီမြစ် စီးပွါးရေးဇုန် သတင်း ထောက်ယူရေး လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယခုလ ၂၀ ရက်နေ့ နံနက်ပိုင်းက ယူနန်ပြည်နယ် လိကျန်းမြို့ ယုလုံ နာစီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ခရိုင် လုံဖန် ခရိုင်၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ပြန်ကြားရေး ဝန်ကြီး၊ နိုင်ငံတော် သတင်း ဖြန့်ချိထုတ်ဝေရေး ဌာန ဥက္ကဋ္ဌ ကျွမ်ရုံဝင်သည် ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်း ပြောကြားခဲ့ပါသည်။

သတင်းထောက်ယူရေးအဖွဲ့ဝင်များသည် မိခင်မြစ်ကို ကျေးဇူးတင်၍ ယန်စီမြစ်ကို လက်တွဲ ထိန်းသိမ်းကာကွယ်ရေး ကမ်းလှမ်းချက်ကို ပူးတွဲ ထုတ်ပြန်ခဲ့ပါသည်။

ဗဟိုနှင့် ယန်စီမြစ် စီးပွါးရေးဇုန် တစ်လျှောက်မှ ပြည်နယ်နှင့်မြို့အဆင့် မီဒီယာဌာန ၁၁ ခု၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၊ စက်မှုနှင့် ဆက်သွယ်ရေးလုပ်ငန်း ဝန်ကြီးဌာန၊ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်  ဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန စသည့် ဌာနများနှင့် ယူနန်ပြည်နယ်နှင့် လိကျန်းမြို့မှ သက်ဆိုင်ရာ ပုဂ္ဂိလ်များသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

 

   Webradio