• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အာရပ်စော်ဘွားများနိုင်ငံ ဒုသမ္မတ၊ ဝန်ကြီးချုပ် မူဟာမက်၊ အာဘူဇာဘီ မင်းသားကြီး မူဟာမက် နှင့် တွေ့ဆုံ

(GMT+08:00) 2018-07-21 09:32:39

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၀ ရက်နေ့က အာရပ်စော်ဘွားများ နိုင်ငံ ဒုသမ္မတ၊ ဝန်ကြီးချုပ် မူဟာမက်၊ အာဘူဇာဘီ မင်းသားကြီး မူဟာမက်တို့နှင့် အာဘူဇာဘီမြို့၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ နှစ်ဖက်တို့သည် တရုတ်- အာရပ်စော်ဘွားများနိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိရန်၊ နယ်ပယ် အသီးသီး၌ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ နှစ်နိုင်ငံ ဆက်ဆံမှု ပိုမို အရည်အချင်း မြင့်မားစွာ၊ ပိုမို ကျယ်ပြန့်စွာ၊ ပိုမို နက်ရှိုင်းစွာ အဆက်မပြတ် တိုးတက်မှုကို တွန်းအားပေးရန် ဆုံးဖြတ်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်နှင့် အာရပ်စော်ဘွားများနိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်မှု အလားအလာ ကောင်းမွန်ကြောင်း၊ နှစ်ဖက်တို့သည် အပြန်အလှန် အတုယူ၊ အပြန်အလှန် အကူအညီပေးကြသည့် မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်း ဖြစ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်ဖက်တို့သည် တရုတ်နှင့် အာရပ်စော်ဘွားများ နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိရေး ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ ရှေ့မှောက်၌ Belt and Road တည်ဆောက်ရေး အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများကို ချုပ်ဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။

   Webradio