• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရပ်စော်ဘွားများနိုင်ငံ အလွှာပေါင်းစုံတို့ ရှီကျင့်ဖိန် ခရီးလှည့်လည်ခြင်းကို အာရုံစူးစိုက်နေ

(GMT+08:00) 2018-07-21 09:32:03

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ အာရပ်စော်ဘွားများနိုင်ငံ၌ ခရီးလှည့်လည်နေကြောင်း၊ အာရပ် စော်ဘွားများ နိုင်ငံ အလွှာ ပေါင်းစုံတို့သည် ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်ကို အာရုံစူးစိုက်နေကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

အာရပ်စော်ဘွားများ နိုင်ငံ စီးပွါးရေး ဝန်ကြီး မန်စူလီက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်တွင် အရေးကြီး အောင်ကျိုးရလဒ်များကို ရရှိခဲ့ကြောင်း၊ နှစ်ဖက်တို့သည် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် အခြား နယ်ပယ်များ၌ ပူးပေါင်း ဆောင်ရွက်မှုမှာ တဆင့်တိုး တိုးချဲ့သွားမည်ဟု မိမိ ယုံကြည်ပါကြောင်း ပြောကြားပါသည်။

အာရပ် စော်ဘွားများနိုင်ငံ လူငယ်ရေးရာ ပြည်ထဲရေး ဝန်ကြီး ရှာမာက၊ တရုတ်နိုင်ငံသည် အာရပ်စော်ဘွားများနိုင်ငံ၏ အရေးကြီး ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး တစ်ဆင့်တိုး မြင့်တက်သွားရန် မိမိတို့ မျှော်လင့်ပါကြောင်း တရုတ်လိုနှင့် ပြောကြားခဲ့ပါသည်။

   Webradio