• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် မလေးရှားဝန်ကြီးချုပ်၏အထူးသံတမန်နှင့်တွေ့ဆုံ

(GMT+08:00) 2018-07-20 15:32:46

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယခုလ ၁၉ ရက်နေ့က ပီကင်းရှိကျွန်းနန်ဟိုင်ဇီကွမ်ကေနိုင်ငံတော်ဧည့်ဂေဟာတွင် မလေးရှားဝန်ကြီးချုပ်၏အထူးသံတမန်၊ သက်ကြီးဝါကြီးခေါင်းဆောင်များကောင်စီဥက္ကဌ တိုင်ယင်နှင့်တွေ့ဆုံခဲ့ကြောင်းဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်ယင်သည် လီခေ့ချန်ထံသို့ မလေးရှားဝန်ကြီးချုပ်မဟာ သီယာ ကိုယ်တိုင်ရေးသားသောစာကို တစ်ဆင့်တင်ပြခဲ့ကြောင်း၊ ယင်းစာတွင် မဟာ သီယာက မလေးရှားအစိုးရသစ်သည် တရုတ်နှင့်ချစ်ကြည်ရေးဆက်ဆမှုကို ထိန်းသိမ်းရန် ဆက်လက် အားထုတ်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး နှစ်နိုင်ငံဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုကို တစ်ဆင့်တိုးတွန်းအားပေးလိုကြောင်း ရေးသားထားပါသည်။

လီခေ့ချန်က တရုတ်-မလေးရှားကချစ်ကြည်ရေးအစဉ်အလာရှိပြီး နှစ်နိုင်ငံသည် ချစ်ကြည်ရေးဆက်ဆံမှုအချိန်ကြာရှည်စွာထားရှိကြောင်း ပြောကြားခဲ့သည်။

   Webradio