• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ကျက်ကျန်းပြည်နယ် မြို့ပြနှင့် ကျေးလက်ဒေသ ညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရေးကို "၈ ၈ မဟာဗျူဟာ" လမ်းညွှန်ပေး

(GMT+08:00) 2018-07-20 14:45:46

တရုတ်ပြည် အရှေ့ပိုင်းတွင် တည်ရှိသေ ကျက်ကျန်းပြည်နယ်၏ ဂျီဒီပီပမာဏသည် တစ်ပြည်လုံး ပြည်နယ်များတွင် လွန်ခဲ့သည့် ၂၂နှစ် အတွင်း စတုတ္ထအများဆုံး နေရာ၌ ဆက်တိုက်တည်ရှိကြောင်း၊ သို့သော် လူအများ ပိုပြီး အာရုံစိုက်ကြသည်မှာ နောက်တစ်ခု ကိန်းဂဏန်း ဖြစ်ကြောင်း၊ ၄င်းကိန်းဂဏန်းသည် ကျက်ကျန်းပြည်နယ်၏ ကျေးလက်ဒေသ နေထိုင်သူ လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေ ပမာဏ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်များတွင် ကျက်ကျန်းပြည်နယ်၏ ကျေးလက်ဒေသ နေထိုင်သူ လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေ ပမာဏသည် တစ်ပြည်လုံး၌ ပထမ နေရာတွင် ဆက်တိုက် တည်ရှိကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

လွန်ခဲ့သည့် ၁၅နှစ်တုန်းက တရုတ် ကွန်မြူနစ်ပါတီ ကျက်ကျန်း ပြည်နယ် အတွင်းရေးမှူး တာဝန် ထမ်းဆောင်သည့် ရှီကျင့်ဖိန်သည် "၈ ၈ မဟာဗျူဟာ"ကို တင်ပြပြီး ကျက်ကျန်းပြည်နယ် မြို့ပြနှင့် ကျေးလက်ဒေသ ညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်မှု အတွက် လမ်းညွှန်ပေးကြောင်း၊ လွန်ခဲ့သည့် ၁၅နှစ် အတွင်း ကျက်ကျန်းပြည်နယ်သည် စက်မှုလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ မြို့ပြနှင့် ကျေးလက်ဒေသ၊ မြို့ပြနေထိုင်သူနှင့် ကျေးလက်ဒေသ နေထိုင်သူများ၏ ညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဖွံ့ဖြိုးတိုးတက်မှု တစ်ခုလုံး အဖြစ် ထားပြီး တလျှောက်လုံး ဘက်ပေါင်းစုံမှ စီမံခန့်ခွဲကြောင်း၊ ကျက်ကျန်းပြည်နယ်သည် တရုတ်ပြည် တစ်ပြည်လုံးက အာရုံစိုက်ကြသော မြို့ပြနှင့် ကျေးလက်ဒေသ ညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် တက်လှမ်းနေကြောင်း စီအာအိုင်က ဖော်ပြသည်။

 

   Webradio