• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရောပ-အာရှစီးပွားရေးသမဂ္ဂနှင့် Belt and Road အဆိုပြုချက်သည်၊ အပြန်အလှန် ထိရောက်စွာ ​ ဖြည့်​ဆည်းကြောင်း ပူတင် ဆို

(GMT+08:00) 2018-07-20 14:39:45

      ရုရှားနိုင်ငံသမ္မတ ပူတင်သည်၊ ယခုလ ၁၉ ရက်နေ့က ၂ နှစ် တစ်ကြိမ်ကျင်းပ လေ့ရှိသည့် နိုင်ငံခြားဆိုင်ရာ ရုရှားသံတမန်များအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ရာ၊ ရုရှားနိုင်ငံခြားရေးလုပ်ငန်းသည်၊ စီးပွားရေးနယ်ပယ်တွင် အလေးထားပြီး၊ ပိုမိုလက်တွေ့ကျရန်လိုအပ်ကြောင်း ၊ အနီးတဝိုက်နိုင်ငံများနှင့် သင့်မြတ်ပြီး၊ လုံခြုံတည်ငြိမ် သော အိမ်နီးချင်းကောင်းအခြေအနေဖန်တီးပေးရေးအတွက် အားထုတ်ကြိုပမ်းရန်လို ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်က ဖော်ပြသည်။

ဥရောပ-အာရှစီးပွားရေးသမဂ္ဂသည်၊ ရုရှားက အလေးပြု ဆောင်ရွက်သည့် တပြေးညီဖြစ်စေရေးအစီအစဉ်ဖြစ်ကြောင်း၊ ယခုနှစ် မေလက တရုတ်နှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂတို့သည်၊ စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ကို ချုပ်ဆိုပြီး၊ ရုရှား-တရုတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သော ရှေ့အလားအလာ ကို ဖန်တီးပေးခဲ့ကြောင်း၊ ဥရောပ-အာရှစီးပွားရေးသမဂ္ဂနှင့် တရုတ်ပြည်၏ Belt and Roadအဆိုပြုချက်တို့အကြား ထိရောက်စွာ အပြန်အလှန် ဖြည့်ဆည်းနိုင်ကြောင်း ပူတင်က အလေးထားပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio