• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ပထမအကြိမ် အနောက်အာဖရိကခရီးစဉ်သည်၊ တရုတ်-အာဖရိက ဆက်ဆံမှုဖွံ့ဖြိုးရေးအတွက် သမိုင်းဝင်အဓိပ္ပါယ်ပါရှိဟု ဆီနီဂေါနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဆို

(GMT+08:00) 2018-07-20 14:38:42

     ဆီနီဂေါနိုင်ငံသမ္မတ Macky Sall ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ  ဆီနီဂေါနိင်ငံတွင် တရားဝင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ ယင်းသည် ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ပထမဆုံးအကြိမ် အနောက် အာဖရိကခရီးစဉ်ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ရှီကျင့်ဖိန်မထွက်ခွါမီ၊ တရုတ်သတင်းထောက်များ၏ ပူးတွဲအင်တာဗျူးလက်ခံခဲ့ရာ၌ ဆီနီဂေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းရွှင့်က ဆီနီဂေါနိုင်ငံကို ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အာဖရိကခရီးစဉ်အတွင်း ပထမဦးဆုံးလှည့်လည်ရန်နိုင်ငံအဖြစ် ရွေးချယ်ထားခြင်းသည်၊ တရုတ်-ဆီနီဂေါဆက်ဆံမှုဖွံ့ဖြိုးရေးအပေါ် ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့်တရုတ်ပြည်က အလွန့်အလွန် အလေးထားခြင်းကို ပြဆိုနေပြီး၊ တရုတ်-ဆီနီဂေါဆက်ဆံမှုနှင့် တရုတ်-အာဖရိကဆက်ဆံမှု ဖွံ့ဖြိုးရေးအတွက် သမိုင်းဝင်အဓိပ္ပါယ်ပါရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။

   Webradio