• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် အူလူမုချီမြို့သည် ပထမနှစ်ဝက် ခရီးသည် သန်းပေါင်း ၂၀ ထက်မနည်းလက်ခံ

(GMT+08:00) 2018-07-20 14:00:35
တရုတ်ပြည်ရှင်းကျန်းဝေဂါလူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အူလူမုချီမြို့ ခရီးသွား လာရေးဦးစီးဌာနမှ ယခုလ ၁၈ရက်နေ့က ထုတ်ပြန်သော စာရင်းအရ ယခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ တစ်မြို့လုံးတွင် စုစုပေါင်းလက်ခံသော ခရီးသည်ဦးရေ သန်း၂၀ ၃သောင်း ၈ထောင် ၃ရာရှိပြီး မနှစ်က အလားတူ အချိန်ပိုင်းကထက် ၃၂.၈၁ ရာခိုင်နှုန်း တိုးလာပြီး ပထမဆုံးအကြိမ်အဖြစ် လက်ခံသောလူဦးရေ သန်း ၂၀ကို ကျော်လွန်နေပြီဖြစ်ကြောင်း၊ ခရီးသွားလာရေးစုစုပေါင်း ၀င်ငွေမှာ ယွမ်ငွေ ၂၄၂၀၁သန်းရှိကာ မနှစ်က အလားတူ အချိန်ပိုင်းကထက် ၃၆.၈၅ ရာခိုင်နှုန်း တိုးလာပြီဖြစ်ကြောင်း "အူလူမုချီညသတင်းစာ"အရ သိရပါသည်။

ယခုနှစ် ရုံးပိတ်ရက်များတွင် ပြည်သူအများစုသည် မြို့အနီးအနား၌ ခရီးလှည့်လည်ကြခြင်း၊ ဆီးနှင်းကြည့်ရှုခြင်းနှင့် ရှုခင်းသာနေရာများသို့ သွားလာခြင်းစသည့် အခြေခံခရီးများကို ရွေးချယ်ကြသည်ဟု သိရပါသည်။

   Webradio