• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယအကြိမ်တောင်အာရှနှင့်အရှေ့တောင်အာရှလယ်ယာစိုက်ပျိုးရေးသပ္ပံနည်းပညာဆန်းသစ်တီထွင်မှုဆွေးနွေးပွဲကျင်းပ

(GMT+08:00) 2018-07-19 18:42:29

ဒုတိယအကြိမ်တောင်အာရှနှင့်အရှေ့တောင်အာရှလယ်ယာစိုက်ပျိုးရေးသပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုဆွေးနွေးပွဲကို ယခုလ ၁၈ ရက်နေ့က ယူနန်ပြည်နယ်ဘောင်ရှမ်းမြို့တွင် ကျင်းပခဲ့ကြောင်း တရုတ်သတင်းဌာနမှသတင်းအရ သိရပါသည်။

ဆွေးနွေးပွဲတွင် နိုင်ငံအသီးသီးမှ ပညာရှင်များသည် လက်တွေ့စူးစမ်းလေ့လာ ရေးအခြေခံပေါ်တွင် လယ်ယာစိုက်ပျိုးရေးသပ္ပံနည်းပညာဆန်းသစ်တီထွင်မှုတွန်း အားပေး ခြင်း၊ ခေတ်မီလယ်ယာစိုက်ပျိုးရေးသုတေသနဌာနတည်ထောင်ခြင်းနှင့် တောင်အာရှ အရှေ့တောင်အာရှလယ်ယာစိုက်ပျိုးရေးခေတ်မီရေးတိုးမြှင့်ရန်ဗျူဟာများစသည့်ကိစ္စရပ် များကိုဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

   Webradio