• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ အဆင့်မြင့်ဆွေးနွေးပွဲ သီးသန့် အစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00) 2018-07-19 15:20:19

      ယခုလ ၁၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ အဆင့်မြင့် ဆွေးနွေးပွဲ သီးသန့်အစည်းအဝေးကို တန်ဇန်းနီးယားနိုင်ငံတွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ တရုတ်၊အဖရိကနိုင်ငံများမှ နိုင်ငံရေးပါတတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်၊ ယခုအကြိမ် အစည်းအဝေးသည်၊ အောင်ကျိုးရလဒ်များစွာ ရရှိခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခုလ ၁၈ ရက်နေ့က ၂ ရက်ကြာကျင်းပ သည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့ နိုင်ငံရေးပါတီများ အဆင့်မြင့်ဆွေးနွေးပွဲ သီးသန့် အစည်းအဝေးကို တန်ဇန်းနီးယား နိုင်ငံ ဒါရက်ဆလမ်မြို့တော်၌ ကျင်းပပြီးစီးခဲ့သည်။ ပိတ်ပွဲအခမ်းအနား၌၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးဌာ ဒု ဝန်ကြီး ရွှီလျူဖိန်က၊ ယခု အကြိမ် အစည်းအဝေးသည်၊ တရုတ်-အာဖရိက နိုင်ငံရေးပါတီများအကြား အပြန်အလှန်အတုယူ လေ့လာရေးနှင့် တရုတ်-အာဖရိကရှေ့အလားအလာ လက်တွဲဖန်တီးရေးအပေါ် သဘော တူညီမှု ရရှိခဲ့ကြကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio