• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ခရီးလှည့်လည်ခြင်းကို အာရပ်စော်ဘွားများနိုင်ငံအလွှာပေါင်းစုံက စောင့်မျှော်နေ

(GMT+08:00) 2018-07-19 15:18:54

အာရပ်စော်ဘွားများနိုင်ငံသမ္မတ ဟာလီဖှာ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယခုလ ၁၉ ရက်နေ့ကမှ ၂၁ ရက်နေ့အထိ အာရပ်စော်ဘွားများနိုင်ငံတွင် သွားရောက်ခရီးလှည့်လည်မည်ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြပါသည်။

ယင်းသည် ပြီးခဲ့သည့် ၂၉နှစ်အတွင်း တရုတ်နိုင်ငံတော်ထိပ်သီးခေါင်းဆောင်၏ ပထမ အကြိမ် အာရပ်စော်ဘွားများနိုင်ငံခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံမှု ဖွံ့ဖြိုးတိုးတက် ရေးအတွက် သမိုင်းမှတ်တိုင်ဖြစ်ကာ အာရပ်ဆော်ဘွားများနိုင်ငံအလွှာပေါင်းစုံတို့သည် ရှီကျင့်ဖိန် ၏ ခရီးစဉ်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြကြောင်း သတင်းရရှိပါသည်။

   Webradio