• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

criတရုတ်နိုင်ငံသည် ချင်းဇန့် ကုန်းပြင်မြင့် ဂေဟစနစ် တည်ထောင်ရေး စက္ကူဖြူစာတမ်း ထုတ်ပြန်

(GMT+08:00) 2018-07-19 09:42:14

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ယခုလ ၁၈ ရက်နေ့က ချင်းဇန့် ကုန်းပြင်မြင့် ဂေဟစနစ် တည်ထောင်ရေး စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းစက္ကူဖြူစာတမ်းတွင်၊ ချင်းဇန့် ကုန်းပြင်မြင့်ဒေသသည် ကမ္ဘာလုံးပေါ်တွင် အသန့်စင်ဆုံးသော ဒေသများအနက် တစ်ခုအပါအဝင် ဖြစ်မြဲ ဖြစ်နေသေးကြောင်း၊ ယခုနှစ်များအတွင်း တရုတ် ဗဟိုနှင့် ဒေသခံ အစိုးရများသည် ငွေရင်းများ ထုတ်ပေးပြီး တင်းကျပ်သော ကြပ်မတ်ရေး ဆောင်ရွက်မှုများကို ပြုလုပ်ကာ ယင်းဒေသ၏ ဂေဟစနစ်ကို ထိရောက်စွာ ထိန်းသိမ်း နိုင်ခဲ့ကြောင်း ရေးသားဖေါ်ပြထားပါသည်။

၂၀၀၉ ခုနှစ်က တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ရှီးဇန့် ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ၌ ဂေဟစနစ် ထန်းသိမ်းကာကွယ်ရေးနှင့် တည်ထောင်ရေး စီမံကိန်းကို အတည်ပြုခဲ့ပြီး၊ ရှီးဇန့်နယ်၌ ထိန်းသိမ်းကာကွယ်ရေး၊ တည်ဆောက်ရေးနှင့် အာမခံပေးရေး အမျိုးအစား သုံးရပ် ပါဝင်သည့် လုပ်ငန်းစဉ်ကြီး ၁၀ ရပ်ကို ကျင့်သုံး ဖေါ်ဆောင်နေခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ စုစုပေါင်း ငွေရင်း ယွမ် သန်း ၉၆၀၀ ထုတ်ပေးခဲ့ပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

   Webradio