• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗိုလ်ကျစိုးမိုးရေး ဝါဒနှင့် တစ်ဖက်သတ် ဆောင်ရွက်ရေး ဝါဒကို အမေရိကန် မစွန့်လွှတ်ပါက ထရန့်-ပူတင် တွေ့ဆုံဆွေးနွေးပွဲ အကြိမ် ဘယ်လောက်ဘဲ ကျင်းပသည်ဖြစ်စေ အမေရိကန်-ရုရှား ဆက်ဆံရေး အတွက် အချည်းနှီးသာဖြစ်မည်

(GMT+08:00) 2018-07-18 17:56:18

အမေရိကန် သမ္မတ ထရန့်နှင့် ရုရှား သမ္မတ ပူတင်တို့သည် ယခုလ ၁၆ရက်နေ့က ဖင်လန်နိုင်ငံ ဟယ်လဆင်ကီမြို့တော်တွင် ပထမဆုံး အကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း၊ ဖင်လန် သမ္မတရုံးတွင် ၃-၄နာရီကြာ တံခါးပိတ် ဆွေးနွေးပွဲ ကျင်းပပြီး ခေါင်းဆောင် ၂ဦးတို့က ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲသည် အပြုသဘောဆောင်သည်ဟု ဖော်ပြကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ခေါင်းဆောင်နှစ်ဦးတို့သည် ၂၀၁၆ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ၌ ရုရှားမှ ဝင်ရောက်စွက်ဖက်ခြင်း ဟူသော ပြောဆိုချက်၊ ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ နျူကလီးယား လက်နက် ထိန်းချုပ်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး၊ အီရန်နှင့် ဆီးရီးယား အခြေအနေစသည်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အကယ်၍ ရုရှား-အမေရိကန် ဆက်ဆံမှုသည် အလွန်ရှုပ်ထွေးကြောင်း၊ စစ်အေး ကာလမှ ဖြစ်ပေါ်လာသော နှစ်နိုင်ငံ အကြားရှိ အပြန်အလှန် မယုံကြည်မှု ယခုအထိ ရှိမြဲ ရှိနေသေးကြောင်း၊ နှစ်ဖက်တို့၏ ပဋိပက္ခများကို ၂မျိုး ခွဲခြားနိုင်ကြောင်း၊ တစ်မျိုးက အကျိုး စီးပွားဆိုင်ရာ အငြင်းပွားမှု ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးခြင်းနှင့် အပြန်အလှန် အလျှော့ပေးခြင်း နည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်း နိုင်မည် ဖြစ်ကြောင်း၊  နောက်တစ်မျိုးကတော့ တန်ဖိုး အမြင် မတူခြားနားခြင်း ဖြစ်ပြီး တိုတောင်းသည့် အချိန်တွင် ညီညွတ်စေနိုင်မည် မဟုတ် ကြောင်း၊ နိုင်ငံတကာ စနစ် နယ်ပယ်တွင် ရုရှား အနေနှင့် ဘက်ပေါင်းစုံ ပါဝင်ဆောင်ရွက်ရေးကို ခံယူထားကြောင်း၊ အမေရိကန် ကတော့ ကမ္ဘာပေါ်၌ ၄င်း၏ မင်းမူနိုင်သူ အဆင့်နေရာကို မစွန့်လွှတ်လိုကြောင်း၊ စီးပွားရေး နယ်ပယ်တွင် ရုရှားက လွတ်လပ်သော ကုန်သွယ်ရေးနှင့် ဘက်ပေါင်းစုံ ပါဝင်ဆောင်ရွက်ရေးကို ခံယူထားကြောင်း အမေရိကန် ကတော့ ကုန်သွယ်ရေး ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးနှင့် တစ်ဖက်သတ် ဆောင်ရွက်ရေးကို စွဲကိုင်ပြီး ကုန်သွယ်ရေး အငြင်းပွားမှုကို လှုံ့ဆော်ကြောင်း၊ အမေရိကန် အနေနှင့် ဗိုလ်ကျစိုးမိုးရေး ဝါဒနှင့် တစ်ဖက်သတ် ဆောင်ရွက်ရေး ဝါဒကို မစွန့်လွှတ်ပါက ထရန့်-ပူတင် တွေ့ဆုံဆွေးနွေးပွဲ အကြိမ် ဘယ်လောက်ဘဲ ကျင်းပသည်ဖြစ်စေ အမေရိကန်-ရုရှား ဆက်ဆံရေး အတွက် အချည်းနှီးသာပင်ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

 

   Webradio