• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မြန်မာရေနံပိုက်လိုင်းဖြင့် တရုတ်ပြည်သို့ ရေနံတန်ချိန် ၁၀ သန်း သယ်ယူပို့ဆောင်

(GMT+08:00) 2018-07-18 15:47:19

   ယမန်နေ့ ၁၇ ရက်နေ့အထိ တရုတ်-မြန်မာရေနံပိုက်လိုင်းဖြင့် တရုတ်ပြည်သို့ ရေနံစိမ်း တန်ချိန် ၁၀ သန်း ကျော် သယ်ယူပို့ဆောင်ခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

တရုတ်-မြန်မာရေနံပိုက်လိုင်းလုပ်ငန်းသည် နှစ်နိုင်ငံ Belt & Road အတူတည်ဆောက်ရေးတွင် ရှေ့ပြေးသူနှင့် လက်တွေ့ဆောင်ရွက်သူဖြစ်သည်။ ယင်းလုပ်ငန်းဆောင်ရွက်သူများသည် မြန်မာနိုင်ငံ၌ လုပ်ငန်းကုမ္ပဏီ၏လူမှုရေးဆိုင်ရာ တာဝန်ဝတ္တရားကို တက်ကြွစွာ လိုက်နာ ဆောင်ရွက်ခဲ့ပြီး ယခုချိန်အထိ လူမှုစီးပွားထောက်ပံ့ကူညီရေးလုပ်ငန်းအစီအစဉ် စုစုပေါင်း ၂၀၈ ရပ် လုပ်ဆောင်ကာ ဒေသခံနေထိုင်သူများအတွက် သောက်သုံးရေသန့်စင်ရေးပြဿနာကို ဖြေရှင်းပေးခဲ့သည့် အပြင် ကားလမ်း၊ ပညာသင်ကျောင်း၊ ဆေးရုံ၊ ဆက်သွယ်ရေး အခြေခံစခန်းများတည်ဆောက်ပေးပြီး ၊ လျှပ်စစ်ဓါတ်အားပံ့ပိုးမှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့သောကြောင့် ရေနံပိုက်လိုင်းတစ်လျှောက်ရှိ ပြည်သူများ၏ နေထိုင်မှုကို ကောင်းမွန်လာစေခဲ့ကြောာင်းသိရသည်။

   Webradio