• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တန်​ဇန်း​နီး​ယားသမ္မတသည် စုန့်ထောင်းနှင့်တွေ့ဆုံ

(GMT+08:00) 2018-07-18 15:45:08

တန်ဇန်းနီးယားသမ္မတမာဂူဖူလီသည် ယခုလ ၁၆ ရက်နေ့က ဒါရိုဆလမ်မြို့တွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံတကာဆက်သွယ်ရေး ဝန်ကြီးစုန့်ထောင်းနှင့်တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် စုန့်ထောင်းက တရုတ်-တန်ဇန်းနီးယားချစ်ကြည်ရေး အစဉ်အလာရှိပြီး တရုတ်ကွန်မြူနစ်ပါတီသည် တန်ဇန်းနီးယားတော်လှန်ရေးပါတီနှင့် ကူးလူး ဖလှယ်မှုကို တွန်းအားပေးကာအပြန်အလှန်အတုယူလိုကြောင်း ပြောကြားခဲ့သည်။

မာဂူဖူလီက တော်လှန်ရေးပါတီသည် တန်ဇန်းနီးယား-တရုတ်ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံပြီးနှစ်ဘက်ဆက်ဆံမှုတိုးတက်စေရန် အားထုတ်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio