• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုဘက်စုံတိုးမြှင့်မည်ဟု ဂါနာသမ္မတဆို

(GMT+08:00) 2018-07-18 15:44:42

ဂါနာသမ္မတအာဒူအဒိုက   ဂါနာနိုင်ငံသည်တရုတ်နိုင်ငံနှင့်လက်တွဲကြိုးစားပြီး နှစ်နိုင်ငံနယ်ပယ်အသီးသီး၌ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံတိုးမြှင့်ပြီး ဂါနာ-တရုတ်ဆက်ဆံရေးအဆက်မပြတ်တိုးတက်ရန် တွန်းအားပေးလိုကြောင်း ယခုလ ၁၇ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အာဒူအဒိုက ဂါနာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးအသစ်ဝမ်စိထင်၏ သံအမတ် ခန့်အပ်လွှာကို လက်ခံခဲ့ရာ ဂါနာ-တရုတ်ဆက်ဆံရေးတိုးတက်မှုနှင့်နှစ်နိုင်ငံနယ်ပယ် အသီးသီး၌ပူးပေါင်းဆောင်ရွက်ရေးမှရရှိသောအောင်မြင်မှုများကို ချီးကျူးကြောင်း သိရပါ သည်။

   Webradio