• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည်၏ နိုင်ငံခြား၌ ရင်းနှီးမြှုပ်နှံမှုမှာ ၁၈့ ၇ ရာခိုင်နှုန်း တိုးလာ

(GMT+08:00) 2018-07-18 10:00:31

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ယခုလ ၁၇ ရက်နေ့က ထုတ်ပြန်သော စာရင်း အရ၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ် ပြည်တွင်း လုပ်ငန်းရှင်များသည် ကမ္ဘာ့ နိုင်ငံနှင့်ဒေသ ၁၅၁ ခုမှ လုပ်ငန်းကုမ္ပဏီ ၃၆၁၇ ခု၌ ငွေရေးကြေးရေး မဟုတ်သော တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြောင်း၊ ငွေရင်း စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၇့ ၁၈ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၈့ ၇ ရာခိုင်နှုန်း တိုးလာကြောင်း သတင်းရရှိပါသည်။

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော မက္ကရို တိုင်းတာ စုံစမ်းမှု ရလဒ် အရ၊ တရုတ်ပြည်၏ နိုင်ငံခြား၌ ရင်းနှီးမြှုပ်နှံမှုမှာ ခြုံပြီး ကြည့်လျှင် အသင့်အတင့် ရှင်သန်သော အခြေအနေတွင် တည်ရှိနေကြောင်း၊ ယင်းတို့အနက် Belt and Road တလျှောက်မှ နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးသည် မှန်မှန် တိုးတက် လာကာ ငွေရင်း စုစုပေါင်း ပမာဏမှာ လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၂ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။

   Webradio