• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် လူ့စွမ်းအားအရင်းအမြစ် ဈေးကွက် ယာယီ စည်းမျဉ်းကို ထုတ်ပြန်

(GMT+08:00) 2018-07-18 09:40:17

ယခုလ ၁၇ ရက်နေ့က တရုတ်နိုင်ငံသည် လူ့စွမ်းအားအရင်းအမြစ် ဈေးကွက် ယာယီ စည်းမျဉ်းကို ထုတ်ပြန်ခဲ့ပါသည်။ တရုတ် လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှု အာမခံပေးရေး ဝန်ကြီးဌာန ဒုဝန်ကြီး ကျမ်းယိကျင်းက၊ ယင်းစည်းမျဉ်းသည် တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့်နောက်ပိုင်း၊ တရုတ် လူ့စွမ်းအား အရင်းအမြစ် ဈေးကွက် ဆိုင်ရာ ပထမ အပိုဒ် စီမံအုပ်ချုပ်ရေး စည်းမျဉ်း ဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဈေးကွက် စနစ်များ ပိုမို ပြည့်စုံ ကောင်းမွန်စေရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ ယင်းစည်းမျဉ်းကို ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အာဏာတည် ကျင့်သုံးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

သက်ဆိုင်ရာ စာရင်းအရ၊ ၂၀၁၇ ခုနှစ် နှစ်ကုန် အထိ၊ တရုတ်ပြည် တစ်ပြည်လုံး၌ အမျိုးမျိုးသော လူ့စွမ်းအားအရင်းအမြစ် ဝန်ဆောင်မှုဌာန ၃ သောင်းကျော် ရှိပြီး ဝန်ထမ်း ဦးရေမှာ ၆ သိန်းခန့် ရှိကာ တစ်နှစ်တာလုံး ဝင်ငွေ စုစုပေါင်း ပမာဏမှာ ယွမ် ဘီလီယံ ၁၄၄၀ ရှိကြောင်း၊ ယင်းဌာနများသည် လူ သန်း ၂၀၀ ကျော်တို့၏ လုပ်ငန်း ထူထောင်ရေးနှင့် ရွှေ့ပြောင်းရေးအတွက် ဝန်ဆောင်မှုများ ပေးခဲ့ကြောင်း သိရပါသည်။

   Webradio