• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"၈ ၈ မဟာဗျူဟာ"-တရုတ်ပြည် ကျက်ကျန်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ရှင်သန်မှု၏ ရေသောက်မြစ်ဖြစ်

(GMT+08:00) 2018-07-17 15:57:03

ကျက်ကျန်းပြည်နယ်သည် တရုတ်ပြည် အရှေ့ပိုင်းတွင် တည်ရှိကြောင်း၊ လက်ရှိ အချိန်တွင် ကျက်ကျန်း ပြည်နယ်သည် တရုတ်ပြည်၌ စနစ်ပျော့ပျောင်းမှုနှင့် တံခါးဖွင့်မှု အများဆုံး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး၊ လူတစ်ဦးချင်း ဝင်ငွေ အများဆုံးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ညီညွတ်မှု အများဆုံးသော ပြည်နယ်များတွင် တစ်ပြည်နယ် အပါအဝင် ဖြစ်ကြောင်း၊ ယမန်နှစ်က ကျက်ကျန်းပြည်နယ်၏ ဂျီဒီပီသည် ဆွစ်ဇာလန် နိုင်ငံ၏ ဂျီဒီပီနှင့် ညီမျှကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

၂၀၀၃ခုနှစ် ဇူလိုင်လက တရုတ် ကွန်မြူနစ်ပါတီ ကျက်ကျန်းပြည်နယ် ကော်မတီ အတွင်းရေးမှူး တာဝန် ထမ်းဆောင်သော ရှီကျင့်ဖိန်သည် အနာဂတ် ကျက်ကျန်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အထွေထွေ ဦးဆောင်မှု လမ်းစဉ်ကို တင်ပြခဲ့ကြောင်း၊ ၄င်းအထွေထွေ လမ်းစဉ်တွင် ကျက်ကျန်းပြည်နယ်ရှိ အားသာချက် ၈ခုကို တစ်ဆင့်တိုး ဖော်ထုတ်ပြီး ၈နယ်ပယ်မှ ဆောင်ရွက်ချက်များကို တွန်းအားပေးရန် တင်ပြကြောင်း၊ ၄င်းအထွေထွေ လမ်းစဉ်ကို "၈ ၈ မဟာဗျူဟာ"ဟု ခေါ်ဝေါ်ကြကြောင်း၊ ယခုနှစ်သည် "၈ ၈ မဟာဗျူဟာ" တင်ပြခဲ့သည့် ၁၅နှစ်မြောက် ဖြစ်ကြောင်း၊ ၂၀၀၃ခုနှစ်က တင်ပြခဲ့သော"၈ ၈ မဟာဗျူဟာ"သည် တရုတ် ဝိသေသ ထူးခြားချက်ပါ ဆိုရှယ်လစ် ဆိုင်ရာ အကျိုး သက်ရောက်မှုများစွာရှိသော လက်တွေ့ဖော်ဆောင်မှုနှင့် အတွေးအခေါ် ဆန်းသစ်တီထွင်မှု ဖြစ်သည်ဟု ကျက်ကျန်းပြည်နယ်ပြည်သူများ၊ တရုတ်ပြည် ဒေသ အသီးသီးမှ အရာရှိနှင့် နယ်ပယ် အသီးသီးမှ ပညာရှင်များက ယူဆကြကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio