• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၆ကြိမ်မြောက် တရုတ်-အိန္ဒိယပူးတွဲဆေးဝါးကုသရေးအဖွဲ့၏ တရုတ်ခရီးစဉ် ပိတ်ပွဲ အခမ်းအနား ကျင်းပ

(GMT+08:00) 2018-07-17 15:30:49

ယခုလ ၁၆ရက်နေ့က တရုတ်နိုင်ငံ ချမ်တူးမြို့တွင် တရုတ်-အိန္ဒိယပူးတွဲ ဆေးဝါးကုသရေးအဖွဲ့၏ တရုတ်ခရီးစဉ် ပိတ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

တရုတ်-အိန္ဒိယပူးတွဲဆေးဝါးကုသရေးအဖွဲ့သည် ၂၀၀၈ခုနှစ်တွင်  တရုတ်ပြည်သူ့နိုင်ငံခြားချစ်ကြည်ရေး အသင်းနှင့် တရုတ်-အိန္ဒိယချစ်ကြည်ရေးအသင်းတို့ ပူးတွဲကမကထပြုကြသော အဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့သည် တရုတ်နှင့် အိန္ဒိယနိုင်ငံပါဆင်းရဲသောဒေသများတွင် အခမဲ့ဆေးကုသပေးခြင်းနှင့် ဆေးလှူဒါန်းခြင်းတို့ကို အလှည့်ကျ ပြုလုပ်လေ့ရှိကြောင်း သိရပါသည်။

   Webradio