• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမအကြိမ် တရားဝင်တွေ့ဆုံပွဲသည် အပြုသဘောဆောင်ကြောင်း ကန် နှင့် ရုရှားသမ္မတတို့ ယူဆ

(GMT+08:00) 2018-07-17 15:26:06

အမေရိကန်သမ္မတ ထရန့်နှင့် ရုရှားသမ္မတ ပူတင်တို့သည် ဇူလိုင်လ ၁၆ရက်နေ့က ဖင်လန်နိုင်ငံ ဟယ်လဆင်ကီမြို့တော်၌ တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ ပထမအကြိမ် တရားဝင် တွေ့ဆုံပွဲသည် အပြုသဘောဆောင်ကြောင်း၊ အမေရိကန်နှင့်ရုရှားတို့သည် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းတို့ ယူဆကြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုနေ့တွင် ၎င်းတို့သည် ၃၊၄နာရီကြာ တံခါးပိတ် တွေ့ဆုံပွဲ ကျင်းပခဲ့ပါသည်။ ထရန့်က မိမိနှင့်ပူတင်တို့သည် ၂၀၁၆ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲကို ရုရှားမှ အနှောင့် အယှက်ပြုလုပ်သည်ဟု သင်္ကာမကင်းရှိခြင်း၊ ကိုးရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ အီရန်၊ဆီးရီးယားအခြေအနေစသော ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။

   Webradio