• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အီတလီ ဒုတိယအကြိမ် ရဲ ပူးတွဲကင်းလှည့်မှု တရုတ်ပြည်၌ စတင်

(GMT+08:00) 2018-07-17 15:09:48

ယခုလ ၁၆ ရက်နေ့က တရုတ်-အီတလီ ဒုတိယအကြိမ် ရဲ ပူးတွဲကင်းလှည့်ခြင်းကို ပီကင်းမြို့၌ စတင်ပြုလုပ်ခဲ့ကြောင်း၊ တရုတ်ပြည်သူ့လုံခြုံရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပီကင်း၊ ရှန်ဟိုင်း၊ ကျယ်ကျန်းနှင့် ရှန်ရှီး စသည့် ဒေသများမှ ပြည်သူ့လုံခြုံရေးလုပ်ငန်းဌာန နှင့် တရုတ် ဆိုင်ရာ အီတလီသံအမတ် ကြီး စသည့် အစိုးရ၀န်ထမ်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း တရုတ်ခရီးသွားလာရေးသတင်းစာမှ သတင်းအရ သိရပါသည်။

      အီတလီရဲဘက်မှ ရဲ ၈ဦးသည် ယခုလ ၁၆ရက်နေ့မှ ၂၉ ရက်နေ့အထိ ပီကင်း၊ ရှန်ဟိုင်း၊ ဟန်ကျူးနှင့် ရှီးအန်း စသော ၄မြို့ သက်ဆိုင်ရာ ရှုခင်းသာနေရာ၌ ရဲ ပူးတွဲကင်းလှည့်ခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

 

   Webradio