• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ ဥရောပသမဂ္ဂခေါင်းဆောင်များနှင့်အတူ သတင်းထောက်များနှင့် တွေ့ဆုံ

(GMT+08:00) 2018-07-17 15:03:23

     တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယခုလ ၁၆ ရက်နေ့နံနက်ပိုင်း က ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် ဥရောပသမဂ္ဂကောင်စီဥက္ကဋ္ဌ Tusk၊ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Junckerတို့နှင့်အတူ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

နှစ်ဦးနှစ်ဖက်တို့အနေနှင့်၊ ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုသည်၊ တရုတ်-ဥရောပသမဂ္ဂ ဘက်စုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှု တစ်ဆင့်တိုးနက်ရှိုင်းစေရန် နှစ်ဖက်တို့၏ နိုင်ငံရေး ဆိုင်ရာလိုအင်ဆန္ဒကို ပြသခဲ့ရုံသာမက၊ လာမည့်အဆင့်ကာလတွင် အတူကြိုးပမ်းရန် ဦးတည်ချက်ကို သတ်မှတ်ပေးသည်ဟု တန်ဖိုး ထားချီးကျူးကြသည်။

Tusk နှင့် Juncker တို့က ကမ္ဘာ့ အရေးကြီးအင်အားအဖြစ် တရုတ်ပြည်ဖွံ့ဖြိုးတိုးတက် လာခြင်းရေးအပေါ်  ဥရောပက       မြင်လိုကြောင်း၊ ယခုခေတ်ကာလတွင်ဥရောပ-တရုတ် ဆက်ဆံမှုသည်၊ ပိုမိုအရေးကြီးလာရုံသာမက၊  ဖွံ့ဖြိုးရေးရှေ့ အလားအလာ များစွာ ရှိကြောင်းလည်း ဖော်ပြခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio