• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံဆက်ဆံမှုဆိုင်ရာ ဟွမ်ရှီးလျန်ပြောကြား

(GMT+08:00) 2018-07-17 15:02:38

     အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ရှီးလျန်သည်၊ မကြာမီက တရုတ်- အာဆီယံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုထားရှိခဲ့သည့် ၁၅ နှစ်မြောက်အထိမ်းအမှတ် ဧည့်ခံပွဲနှင့် "သင့်မြတ်ဖေါ်ရွေစွာ အတူယှဉ်တွဲနေထိုင်ရေး"ဓာတ်ပုံပြပွဲသို့ တက်ရောက်ခဲ့ ရာ၌၊ တရုတ်-အမေရိကန်ကုန်သွယ်ရေး အထစ်အငေါ့ တရုတ်-အာဆီယံ ဆက်ဆံမှုနှင့် တောင် ပင်လယ်ရေးရာပြဿနာစသည်တို့နှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပသတင်းထောက် တို့၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရသည်။

တရုတ်-အာဆီယံဆက်ဆံမှုနှင့် စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်ချက်ကို ပြန်လည်ဖြေကြားခဲ့ရာ၌ ဟွမ်ရှီးလျန်က ယခုနှစ်သည်၊ တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုတည်ထောင်ခဲ့သည့် ၁၅ နှစ်မြောက်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၅ နှစ်အတွင်း၊ ၂ ဖက်ဆက်ဆံမှုသည်၊ ကြီးမားစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့ သည်ဟု သတင်းအရသိရသည်။

   Webradio