• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ကြွေးမြီအကျပ်အတည်း ကြုံတွေ့သည့်နိုင်ငံ တစ်စုံတစ်ခုမရှိ၊ တရုတ်ကြောင့် ကြွေးမြီအကျပ်အတည်း ဖြစ်ပွားသည့်နိုင်ငံ တစ်စုံတစ်ခုလည်းမရှိဟု တရုတ်ဆို

(GMT+08:00) 2018-07-17 10:56:25

        ဗြိတိန်နိုင်င့မှ ငွေကြေး တိုင်မ်စ် သတင်းစာ၏ Belt and Road လုပ်ငန်းရပ်များ ကမ္ဘာတစ်ဝှမ်း၌ အခက်အခဲကြုံတွေ့နေခြင်း ဟူသော ပြောဆိုချက်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွန်ယဉ်က ယင်းပြောဆိုချက်သည် အဖြစ်မှန်နှင့် ကိုက်ညီခြင်းမရှိကြောင်း၊ တရုတ်ပြည်ဘက်က လက်ခံမည် လုံးဝမဟုတ်ကြောင်း၊ တရုတ်ပြည်၏ ပူးပေါင်းဖက်များတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ကြွေးမြီအကျပ်အတည်း ကြုံတွေ့သည့် နိုင်ငံ တစ်စုံတစ်ခု မရှိကြောင်း၊ မျက်မှောက်အချိန်အထိ ဖြစ်ပေါ်လာသော ကြွေမြီအကျပ်အတည်းများတွင် တရုတ်နိုင်ငံ၏ အကြောင်းရင်းကြောင့် ဖြစ်ပေါ်လာသော ကြွေးမြီအကျပ်အတည်း တစ်စုံတစ်ခုလည်း မရှိကြောင်း ယခုလ ၁၆ ရက်နေ့က အလေးထားပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        မကြာခင်ရက်များက ဗြိတိန်နိုင်ငံမှ ငွေကြေး တိုင်မ်စ် သတင်းစာက ဆောင်းပါး ထုတ်ပြန်ခဲ့ရာ Belt and Road လုပ်ငန်းရပ်များ ကမ္ဘာတစ်ဝှမ်း၌ ဆောင်ရွက်ရာတွင် အခက်အခဲကြုံတွေ့နေကြောင်း၊ အဓိကအကြောင်းရင်းကတော့ တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ငွေရင်းများ ရှင်းရှင်းလင်းလင်း အသုံးပြုခြင်းမရှိဘဲ၊ နိုင်ငံခြားမှ လုပ်ငန်းရပ်များ ဆောင်ရွက်ရာတွင် ဒေသခံအခြေအနေအရ ဆောင်ရွက်ခြင်းလည်း မရှိခြင်းကြောင့် ဖြစ်ကြောင်း ရေးသားသည်။

ယင်းနှင့်ပတ်သက်၍ ဟွာချွန်ယဉ်က Belt and Road လုပ်ငန်းရပ်များ ဆောင်ရွက်ရာတွင် အတူ ဆွေးနွေး၊ အတူတည်ဆောက်၊ အတူ မျှဝေခံစားရေးမူကို အခြေခံပြီး ဘက်အသီးသီးတို့၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများအတွက် အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၂၀၀ နှင့် အလုပ်အကိုင်နေရာ ၂ သိန်းကျော်ကို ဖန်တီးပေးသည့်အတွက် သက်ဆိုင်ရာ နိုင်ငံများအစိုးရနှင့် ပြည်သူပြည်သားများသည် Belt and Road လုပ်ငန်းရပ်များကို စိတ်ရင်းအမှန်ဖြင့် ကြိုဆိုကြောင်း ပြောကြားသည်။

   Webradio