• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အကြိမ် ၂၀ မြောက် တရုတ်-ဥရောပ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2018-07-17 09:21:46

အကြိမ် ၂၀ မြောက် တရုတ်-ဥရောပ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းက ပီကင်း၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်နှင့် ဥရောပကောင်စီ ဥက္ကဋ္ဌ တူစ်က်၊ ဥရောပသမဂ္ဂ ကော်မတီ ဥက္ကဋ္ဌ ဂျွန်ကာတို့သည် ဆွေးနွေးပွဲကို ပူးတွဲ ကြီးမှူး ကျင်းပခဲ့ပါသည်။

နှစ်ဖက်တို့က၊ တရုတ်နှင့် ဥရောပတို့သည် စည်းမျဉ်းစည်းကမ်းများကို အခြေခံ အဖြစ် ထားသော နိုင်ငံတကာ စည်းစနစ်ကို လက်တွဲ ကြိုးပမ်း ထိန်းသိမ်းရန် တာဝန်ဝတ္တရား ရှိသည်ဟု သဘောတူကြကြောင်း၊ နိုင်ငံစုံဝါဒနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို ထောက်ခံကြောင်း၊ တရုတ်နှင့် ဥရောပတို့သည် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း တည်ထောင်ပြီး WTO ပြုပြင်ပြောင်းလဲရေး ကိစ္စကို ဆွေးနွေးမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

နှစ်ဖက်တို့သည် တရုတ်နှင့် ဥရောပ ရင်းနှီးမြှုပ်နှံရေး စာချုပ် စာရင်းဇယားကိုလည်း လဲလှယ်ပြီး နှစ်ဖက် ရင်းနှီးမြှုပ်နှံရေး စာချုပ်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲ တွန်းအားပေးရေးကို ဦးစား အပေးရဆုံးသော အကြောင်းကိစ္စအဖြစ် သတ်မှတ်ရန်လည်း သဘောတူကြကြောင်း သတင်းရရှိပါသည်။

   Webradio