• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန် အကြမ်းဖက်တိုက်ခိုက်မှု ပြင်းထန်ဆိုးရွားစွာ ဖြစ်ပွားခြင်းအပေါ် ရှီကျင့်ဖိန်မှ ဟူစိန်အား နှစ်သိမ့်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00) 2018-07-16 12:41:06

ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှု ပြင်းထန်ဆိုးရွားစွာ ဖြစ်းပွားခဲ့ခြင်းအပေါ် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပါကစ္စတန်သမ္မတ ဟူစိန်ထံသို့ နှစ်သိမ့်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြပြီး ဒဏ်ရာရရှိသူများ နှင့် သေဆုံးသူများ၏ကျန်ရစ်သူမိသားစုများအား စေတနာဖြင့် နှစ်သိမ့်အားပေးသည်ဟု ဖော်ပြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အကြမ်းဖက်ဝါဒသည် လူသား၏ ဘုံရန်သူဖြစ်ကြောင်း၊ တရုတ်အနေနှင့် အကြမ်းဖက်ဝါဒ မှန်သမျှကို ပြတ်သားစွာဆန့်ကျင်ပြီး ယခုအကြိမ် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ အပြစ်တင်ရှုတ်ချကြောင်း ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဖော်ပြပါသည်။

   Webradio