• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်စစ်သားတို့၏ ရုပ်အလောင်းများရှာဖွေရေးအလုပ် ပြန်လည်စတင်ရန် ကန်နှင့် မြောက်ကိုးရီးယားသဘောတူကြ

(GMT+08:00) 2018-07-16 11:34:02

      အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပယ်အိုက၊ အမေရိကန်နှင့် မြောက်ကိုးရီးယားတို့ အနေနှင့်၊ မြောက်ကိုးရီးယားရှိ အမေရိကန်စစ်သားတို့၏ ရုပ်အလောင်းများရှာဖွေရေး အလုပ်ကို ပြန်လည်စတင်ရန် သဘောတူကြကြောင်း ယခုလ ၁၅ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဆက်လက်၍ ပွန်ပယ်အိုက အမေရိကန်နှင့် မြောက်ကိုးရီးယားမှ အရာရှိများသည်၊ ယခုလ ၁၆ ရက်နေ့က လုပ်ငန်းအဆင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပမည်ဖြစ်ပြီး၊၊ ရှာဖွေတွေ့ရှိခဲ့ သည့် အမေရိကန်စစ်သားတို့၏ ရုပ်အလောင်းများကို ပြန်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်ပင်ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်း အရသိရသည်။

   Webradio