• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ခုနှစ် ပထမ နှစ်ဝက်ပိုင်းအတွင်း အာဖဂန်၌ လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် အရပ်သား ၅၀၀၀ ကျော် သေကြေဒဏ်ရာရရှိ

(GMT+08:00) 2018-07-16 09:46:24

        အာဖဂန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးအဖွဲ့က ယခုလ ၁၅ ရက်နေ့က နောက်ဆုံး အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ၂၀၁၈ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အာဖဂန်နိုင်ငံ၌ ဖြစ်ပွားခဲ့သော လက်နက်ကိုင် တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများကြောင့် အမျိုးသမီးနှင့် ကလေးများ အပါအဝင် အရပ်သား ၅၁၂၂ ဦး သေကြေဒဏ်ရာရရှိခဲ့ကြောင်း၊ ၄င်းအနက် လူ ၁၆၉၂ ဦး သေဆုံးပြီး ၃၄၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        အာဖဂန်နိုင်ငံမှ အငြင်းပွားရာ ဘက်အသီးသီးတို့အနေနှင့် အရပ်သားများကို ကာကွယ်ပြီး ငြိမ်းချမ်းရေး သဘောတူညီမှု အမြန်ဆုံး ရရှိနိုင်ဖို့ လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် အာဖဂန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးအဖွဲ့က ထပ်လောင်း ပန်ကြားခဲ့ပါသည်။

   Webradio